Home
မြန်မာသတင်း
ကျောက်ဖြူမြို့နယ် ထွေအုပ်ခြံဝင်းအတွင်း အဝေးထိန်းရီမုမိုင်း ၁ လုံးတွေ့ရှိ
DVB
·
April 29, 2020
94654493_1579019845578930_2161084121504284672_n
94624831_1579019995578915_5123624920152014848_n
94618556_1579019925578922_6477670367316934656_n
94584788_1579020155578899_8085423677300015104_n
94517048_1579020118912236_168623413928132608_n
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးခြံဝင်းအတွင်းရှိ ခရိုင် ရဲတပ်ဖွဲ့မှူးရုံးအနီးမှာ ဧပြီ ၂၈ ရက် မနက်က အဝေးထိန်းရီမုမိုင်း တလုံးတွေ့ရှိလို့ လုံခြုံရေးတပ်ဖွဲ့က ရှင်းလင်းခဲ့ရပါတယ်။ ကျောက်ဖြူမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတဦးက “တွေ့တာကတော့ မနက် ၁၁ နာရီခွဲမှာပါ။ အဲဒီဟာကို ကျောက်ဖြူမြို့မှာရှိတဲ့ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ကနေ ပြီးတော့ ၁၂ နာရီဝန်းကျင်လောက်မှာ လာပြီးတော့ရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်။ သူတို့ပြောတာ ကတော့ အဝေးထိန်းရီမုမိုင်းအမျိုးအစားဖြစ်တယ် လို့ပြောတယ်။ PPC ပိုက်နဲ့လုပ်ထားတဲ့ အချင်း ၅ လက္မ၊ အရှည် ၆ လက္မလောက်တော့ရှိတယ်”လို့ ပြောပါတယ်။ ဒီကိစ္စအသေးစိတ်သိရှိနိုင်ဖို့ ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မော်ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းကိုင်ဖြေဆိုခြင်း မရှိခဲ့ပါဘူး။ ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးခြံဝင်းအတွင်းမှာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်ကလည်း အမှိုက်ပုံးမီးရှို့ရာက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ဝန်ထမ်း ၈ ဦးဒဏ်ရာရခဲ့ပါတယ်။ အလားတူ ၂၀၁၉ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ကလည်း ဒုခရိုင်အုပ်ချုပ်ရေးမှူးနေအိမ်အနီးမှာ ထောင်ထားတဲ့ရီမုမိုင်း ၁လုံးတွေ့ရှိခဲ့ပြီး မိုင်းရှင်းလင်းရေးအဖွဲ့က လာရောက် ရှင်းလင်းပေးခဲ့ရပါတယ်။ သတင်း- နောင်နောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024