အမေထွားပဲဆီသန့် သိုလှောင်ရုံ မီးလောင်
DVB
·
April 17, 2013
မကွေးမြို့ အောင်စေတနာ ဘီအုပ်စု၊ ၁ လမ်းနဲ့ ၂ လမ်းကြားရှိ အမေထွားပဲဆီသန့် ဆီစက် ဆီထွက်သီးနှံ သိုလှောင်ရုံမှာ ဒီနေ့ ညနေ ၂ နာရီ မိနစ် ၃၀ အချိန်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး ညနေ ၄ နာရီအချိန်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။
ဆီစက်ပိုင်ရှင်တွေ ခရီးထွက်နေကြပြီး သီးနှံသိုလောင်ရုံမှာ အလုံပိတ်လှောင်ထားမှု၊ ရာသီဥတုပူပြင်းမှုတွေကြောင့် အပူလွန်ကဲလောင်ကျွမ်းတာ ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြပါတယ်။
လောင်ကျွမ်းမှုကို စုံစမ်းဆဲဖြစ်ပြီး အသေးစိတ်ကို မပြောကြားနိုင်သေးကြောင်း မကွေးတိုင်းဒေသကြီး မီးသတ်အဖွဲ့က ပြောပါတယ်။