DVB Logo
Home
ရင်ဖွင့်စာ/ပေးစာ
ရဲတပ်ဖွဲ့ဝင်အဖြစ်က နုတ်ထွက်ခွင့်ပေးပါ
DVB
·
April 17, 2013
ရဲတပ်ဖွဲ့ဝင်အဖြစ်က နုတ်ထွက်ခွင့်ပေးပါ
Donate to DVB

ကျနော်ဟာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တဦး ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ် ကူးပြောင်း ကျင့်သုံးလာတာနဲ့အမျှ ၀န်ထမ်းတွေ အပါအ၀င် လူတန်းစား အလွှာအသီးသီးရဲ့ ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးတွေကို နိုင်ငံတော်က အရင်ထက်စာရင် ခံစားခွင့်တွေ အများကြီးပေးနေပါတယ်။

အရင်က လျစ်လျူရှုထားခံခဲ့ရတဲ့ ရဲတပ်ဖွဲ့ရဲ့ လိုအပ်ချက်တွေကိုလည်း ကဏ္ဍမျိုးစုံကနေ ဖြည့်ဆည်းပေးနေတာ တွေ့ရလို့ အများကြီး ၀မ်းသာကျေးဇူးတင်မိပါတယ်။
အရင်ကဆိုရင် ရဲတပ်ဖွဲ့ဝင်တဦးဟာ မိသားစု အခက်ခဲတွေ ရှိနေလို့ တပ်ဖွဲ့က နုတ်ထွက်ချင်ပေမယ့်လည်း နုတ်ထွက်ခွင့် မတင်ပြရဲခဲ့ပါ။ တင်ပြလည်း နုတ်ထွက်ခွင့် မပေးတဲ့အပြင် မတင်ပြရဲအောင် နည်းမျိုးစုံနဲ့ နှိပ်ကွပ်ခဲ့ပါတယ်။

ဒီလိုပြုလုပ်ခဲ့မှုတဲ့အတွက် ထောင်ကျခံပြီး ထွက်ခဲ့ရတဲ့ တပ်ဖွဲ့ဝင်တွေလည်း ဒုနဲ့ဒေးပါပဲ။ အခုတော့ ခေတ်စနစ်နဲ့အညီ တပ်ဖွဲ့ဝင်တဦးက မိမိသဘောဆန္ဒအရ နုတ်ထွက်ခွင့် တင်ပြလာပါက အထက်ကို တင်ပေးဖို့နဲ့ သီးခြားကန့်သတ်ချက်တွေကလွဲပြီး နုတ်ထွက်ခွင့်ပေးနေတယ်လို့ ပြည်ထဲရေးဒုဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဖေဖော်ဝါရီ ၁၇ ရက်နေ့ ပြည်ထဲရေး (နောက်ချန်) အစည်းဝေးခန်းမမှာ ပြောဆိုမှာကြားခဲ့ပါတယ်။

ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းရဲ့ လမ်းညွှန်မှာကြားချက်ကြောင့် မိသားစု အခက်အခဲရှိသူ တပ်ဖွဲ့ဝင်တွေဟာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ နုတ်ထွက်ခွင့် တင်ပြခဲ့ကြပေမယ့် အောက်ခြေမှာ အမှန်တကယ် ဆောင်ရွက်ပေးခြင်းမရှိပါ။ မြို့နယ်/ ခရိုင် ရုံးတွေက မတင်ပြပေးကြပါ။

ဘာကြောင့် အမှန်အတိုင်း မတင်ပြပေးရဲကြတာလဲ။ အောက်ခြေတပ်ဖွဲ့ဝင်တွေက လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်တဲ့အညီ လုပ်ဆောင်နေခြင်းအပေါ် အထက်အုပ်ချုပ်သူ အရာရှိကြီးတွေက ခေတ်စနစ်နဲ့အညီ ဆောင်ရွက်ပေးနိုင်စေရေး ဒီဗွီဒီကတဆင့် တင်ပြလိုက်ရပါတယ်။

ရဲတပ်ဖွဲ့ဝင်တဦး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013