Home
မြန်မာသတင်း
တရုတ်နိုင်ငံ၌ သွားရောက်အလုပ်လုပ်နေသူ ၁၀၀​ ကျော် မကွေးတိုင်းသို့ ပြန်လည်ဝင်ရောက်
DVB
·
April 27, 2020
94758580_2309690122665769_184394787242115072_o
94369499_2309690002665781_8665951544589418496_n
94355471_2309690072665774_4234069792228638720_o
94268034_2309690229332425_3252761857781399552_o
94331617_2309690405999074_6421768030769905664_o
94329997_2309690282665753_6144840668511469568_o
တရုတ်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်သူ ၁၀၀ ကျော်လောက် မကွေးတိုင်းအတွင်းကို ဧပြီ ၂၄ ရက်ကနေ ၂၆ ရက်နေ့အတွင်း ပြန်လည်ဝင်ရောက်လာတယ်လို့ တိုင်းအစိုးရအဖွဲ့က ပြောပါတယ်။ မကွေးတိုင်းလူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက တရုတ်နိုင်ငံက ပြန်လာတဲ့ အဲဒီလူတွေကို ကချင်ပြည်နယ် လွယ်ဂျယ်ဘက် ကားလွှတ်ပြီး သွားခေါ်ခဲ့တာလို့ ဒီဗွီဘီကို ပြောပါတယ်။ “မကွေးတိုင်း အတွင်းမှာရှိတဲ့ မြို့နယ် ၈ ခုလောက်ကို လူဦးရေ ၁၀၀ ကျော်လောက် တရုတ်နိုင်ငံကပြန်ဝင်လာတာပါ။ ပြန်ရောက်လာတဲ့သူတွေကို မကွေးမြို့မှာ စုမထားဘဲ မြို့နယ်တွေအရောက်ပို့ဆောင်ပေးပြီး မြို့ပေါ် Quanrantine စင်တာတွေမှာ Facility Quarantine ပြုလုပ်ပေးမှာဖြစ်ပါတယ်။ လွယ်ဂျယ်ဂိတ် ဘက်ကနေ ပြန်လာမယ့် သူတွေကို စာရင်းတောင်းထားပြီး နောက်ထပ်လည်း ထပ်မံ ခေါ်ဆောင်ဖို့ရှိပါတယ်။ ကျေးရွာတွေထိ ပို့ဆောင်မပေးဘဲ နေရေးထိုင်ရေး၊ စားရေးသောက်ရေး ၊ကျန်းမာရေးစောင့်ရှောက်မှုတွေ အစစအရာရာ အဆင်ပြေအောင် မြို့ပေါ်တွေမှာပဲ ၂၁ ရက် Facility Quarantine ပြုလုပ်ပေးမယ်။"  မကွေးတိုင်းကနေ တရုတ်နိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်သူများပြားပြီး တနိုင်ငံလုံး အတိုင်းတာနဲ့ အများဆုံးပြန်လည်ဝင်ရောက်လာနိုင်တယ်လို့ မကွေးတိုင်းအစိုးရအဖွဲ့က သိရပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024