DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုကို ဂျီ၈ နိုင်ငံများ အသိမှတ်ပြု
DVB
·
April 17, 2013
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုကို ဂျီ၈ နိုင်ငံများ အသိမှတ်ပြု
Donate to DVB

ကမ္ဘာ့အချမ်းသာဆုံး ထိပ်တန်း ဂျီ၈ နိုင်ငံခြားရေး ၀န်ကြီးတွေက ၂၀၁၃ ဧပြီ ၁၀ ရက်နဲ့ ၁၁ ရက်နေ့မှာ ဆွေးနွေးခဲ့ပြီး မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုခဲ့ကြပါတယ်။

ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ ပူးတွဲထုတ်ပြန်ချက်ကနေ နိုင်ငံခြားရေး ၀န်ကြီးတွေက အခုလို အသိအမှတ်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် မတ်လမှာ အာဏာကို လွှဲပြောင်းရယူခဲ့တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ အတိုက်အခံခေါင်းဆောင်တွေ၊ လွှတ်တော် အမတ်တွေရဲ့ထောက်ပံ့မှုတွေနဲ့  ခိုင်မာတဲ့ ဒီမိုကရေစီနဲ့ ဥပဒေစိုးမိုးရေးကို ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာ၊ စာနယ်ဇင်းလွတ်လပ်ခွင့်ပေးခဲ့တာ စတဲ့ လူ့အခွင့်အရေးတိုးတက်မှုတွေ အပါအ၀င် စီးပွားရေးလုပ်ဆောင်ချက်တွေကို တိုးချဲ့တာ၊ နိုင်ငံတကာနဲ့ လုပ်ဆောင်ခဲ့တဲ့ စေ့စပ်ဆွေးနွေးမှုနဲ့ သိသာတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုခဲ့ကြပါတယ်။

ဒါ့အပြင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် တိုးတက်တဲ့ လုပ်ဆောင်ချက်တွေကို လည်း ကြိုဆိုခဲ့ပါတယ်။

ကချင်နဲ့ ရခိုင်က ဖြေရှင်းလို့ မရသေးတဲ့ ရှုပ်ထွေးတဲ့ အခြေအနေတွေ ရှိနေပေမယ့် ဒီလမ်းကြောင်းကို ဆက်လက် လျှောက်လမ်းဖို့ တိုင်းရင်းသားအုပ်စုတွေ၊ အမျိုးသမီးတွေနဲ့ နိုင်ငံရေးပါတီတွေအပါအ၀င် မြန်မာအစိုးရကိုလည်း ဂျီအိပ်ခ်ျ နိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် အကြမ်းဖက်တာတွေ ရပ်ဆိုင်းဖို့ တိုင်းရင်းသားအခွင့်အရေးနဲ့ မတူညီတဲ့ ဘာသာရေးအဖွဲ့အစည်းတွေကို လေးစားဖို့နဲ့ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်ဖို့လည်း မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

လုပ်ဆောင်နေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ ကျန်နေသေးတဲ့ စိန်ခေါ်မှုတွေကိုလည်း ဖြေရှင်းဖို့ တခြား အလှူရှင်တွေနဲ့လည်း ပူးပေါင်းပြီးတော့ အကူအညီလိုအပ်တဲ့သူတွေဆီကို ထိထိရောက်ရောက် ရောက်ရှိအောင် လုပ်ဆောင်ဖို့လည်း ပြောဆိုခဲ့ပါတယ်။
ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ပိုမိုပွင့်လင်းမြင်သာမှုတွေ ရှိအောင်လည်း တိုက်တွန်းခဲ့ပါတယ်။ ရင်းနှီးမြုပ်နှံမှုအသစ်တွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွေကို နိုင်ငံတကာ စီးပွားရေး ပတ်ဝန်းကျင် စံနှုန်း၊ လူ့အခွင့်အရေး စည်းကမ်းတွေနဲ့ လုပ်ဆောင်ပြီးတော့ လူထုကို အကျိုးရှိမယ်လို့ ဂျီအိပ်ခ်ျ နိုင်ငံခြားရေးဝန်ကြီးတွေက ယုံကြည်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013