မကွေးတိုင်းရှိ မြို့နယ် ၂ ခုမှ လေဘေးသင့်ပြည်သူများကို ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်
DVB
·
April 26, 2020
မကွေးတိုင်းအတွင်း လေပြင်းတိုက်ခတ်ခံခဲ့ရတဲ့ မြို့နယ် ၂ ခုက လေဘေးသင့်သူတွေကို ဧပြီ ၂၆ ရက်မနက်ပိုင်းက ဆန်ရိက္ခာဖိုးနဲ့ အိမ်ဆောက်ပစ္စည်းဖိုးငွေတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုဦးစီးဌာနက သိရပါတယ်။
မကွေးတိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ညွှန်ကြားရေးမှူး ဦးမြင့်စိုးက “စလင်းနဲ့ ဆိပ်ဖြူမြို့နယ်တွေမှာ ဧပြီ ၂၅ ရက်က လေပြင်းတိုက်လို့ကျေးရွာ ၆ ရွာမှာ လူဦးရေ ၂၀၀ ကျော် လေဘေးသင့်ခဲ့တာပါ၊ ဆိပ်ဖြူမှာတော့ နွား ၃ ကောင် သေတယ်” လို့ ပြောပါတယ်။
လေပြင်းကြောင့် ပြိုကျခဲ့တဲ့ နေအိမ် ၂ လုံးနဲ့အမိုးလန်အိမ် ၄၃ လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး ၁၅၅၀,၀၀၀ ကျပ်၊ တပတ်စာ ဆန်ဖိုးငွေ ၄၂၆,၃၀၀ ကျပ် စုစုပေါင်း ၁၉၇၆,၃၀၀ ကျပ် ထောက်ပံ့ပေးခဲ့ပါတယ်။
မကွေးတိုင်းအတွင်း ဧပြီ ၉ ရက်ကစတင်ပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် မြို့နယ် ၁၀ ခုကျော်မှာ အိမ်ခြေ ၅၀၀ ကျော် တစိတ်တပိုင်း ပျက်စီးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက သိရပါတယ်။
မင်းထီး