DVB Logo
Home
မြန်မာသတင်း
ပြည်မြို့တွင် လေပြင်းတိုက်၊ အိမ်ခြေ ၂၀ ကျော် ပျက်စီး
DVB
·
April 17, 2013
ပြည်မြို့တွင် လေပြင်းတိုက်၊ အိမ်ခြေ ၂၀ ကျော် ပျက်စီး
Donate to DVB

ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ဧပြီ ၁၆ ရက် ညနေ ၃း၁၅ ကနေ ၃ နာရီခွဲအထိ လေပြင်း ၂ ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် အိမ်ခြေ ၂၀ ကျော် ပြိုကျပျက်စီးခဲ့ပါတယ်။

လေပြင်းဒဏ်ခံရတဲ့ နေရာတွေကတော့ ပြည်မြို့ရှိ ဖိုးခေါင်၊ န၀င်းမြောက်၊ အနောက်လက်ခုပ်ပင်၊ ရှမ်းစု၊ မလကာကုန်း၊ ဘောဂရပ်ကွက်အပါအ၀င် ရပ်ကွက် ၁၀ ခုလောက်လို့ သိရပါတယ်။

လေပြင်းကြောင့် အိမ်ခြေ ၂၀ ကျော် ပျက်စီးသွားပြီး လူအသေအပျောက် ဒဏ်ရာရမှုတော့ မရှိဘူးလို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ပြည်မြို့ န၀င်းမြောက် ကျေးရွာခံ ကိုကျော်ကျော်ဦးက ပြောပါတယ်။

“ပြိုတာက အိမ်ခြေ ၂၇ လုံး၊ သွပ်တွေလန်ထွက်တာက  ၁၂၂ လုံး၊ ရွာပေါင်းက ၁၀ ရွာလောက်ရှိတယ်။ ဓမ္မာရုံတွေလည်း ပါတယ်။ ဘုန်းတော်ကြီးစာသင်ကျောင်းတွေလည်း ပြိုသွားတယ်။ သာသနိကအဆောက်အအုံတွေလည်း ပါတယ်။ လူအသေအပျောက်တော့ လုံးဝ မရှိဘူး။”

န၀င်းမြောက် ကျေးရွာမှာ လေပြင်း စတင်တိုက်ခတ်ခဲ့ပုံကို ကိုကျော်ကျော်ဦးက “လေက ၀ုန်းဝုန်းနဲ့ တိုက်တယ်ဗျ။ လူတွေက အမှတ်တမဲ့ကျတော့ ဘာမှန်းမသိဘဲနဲ့ ခံလိုက်ရတာ။ လူတွေက ကျနော့်အိမ်ထဲကို ပြေးဝင်လာတယ်။ ပြေးဝင်လာတဲ့အချိန်မှာ အိမ်ကလည်း အတော်လှုပ်နေတယ်။ ပြေးဝင်လာတဲ့သူတွေရဲ့ အိမ်တွေက ပြိုကုန်ပြီ။ တချို့အိမ်တွေက သွပ်တွေ လန်ကုန်ပြီ။ မွေးခါစ ကလေးလည်းပါတယ်။ တချို့က ကျမတို့ အိမ်တွေတော့ ကုန်ပါပြီ၊ ပစ္စည်းတွေလည်း ဘယ်ပြန်ရှာရမှန်းမသိတော့ဘူးဆိုပြီး ပြောကြတယ်။ နောက် ကြောင်တောင်တောင်ဖြစ်ပြီးတော့ ထွက်ပြေးဖို့လုပ်ကြတယ်။ တားထားရတယ်” လို့ ပြောပါတယ်။

လေငြိမ်သွားပြီးနောက် မြင်တွေ့ရတဲ့ အခြေအနေကိုလည်း အခုလို ပြောပါတယ်။

“အပြင်ထွက်ကြည့်တော့ သွပ်တွေဆိုတာ ရစရာကို မရှိတော့ဘူး။ အကုန်လုံး ပျက်စီးသွားတယ်။ ကျနော့်အိမ်အနောက်ဘက်မှာ ရှိတဲ့ အိမ်တွေဆို အကုန်လုံး လန်ကုန်တယ်။ တချို့အဆောက်အအုံ အကြီးတွေဆိုရင် ကျိုးပြီး ပျက်စီးသွားကြတယ်။ တချို့အိမ်တွေက သစ်ပင်ကြီးတွေအောက်မှာ ပိပြားနေတယ်။”

အပျက်အစီးစာရင်းကို လိုက်လံကောက်ခံနေဆဲဖြစ်ပြီး လေပြင်းဒုက္ခသည်တွေကို အခုလောလောဆယ် ဆန် ၁၀ အိတ်နဲ့ ကူညီထောက်ပံ့နေတယ်လို့ ကိုကျော်ကျော်ဦးက ပြောပါတယ်။ Read more

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013