DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးပါတီ လွှတ်တော်အမတ်များ ကနေဒါပါလီမန် လေ့လာမည်
DVB
·
April 16, 2013
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒီမိုကရက်ပါတီအမတ်တွေ အများစုပါဝင်တဲ့ အဖွဲ့ဟာ ကနေဒါပါလီမန်ကို ၁ ပတ်ကြာ လေ့လာရေးခရီးသွားရောက်ဖို့ ရှိပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ် ၂ ဦး အပါအ၀င် အမျိုးသားဒီမိုကရေစီအင်အားစု၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းအမျိုးသားတိုးတက်ရေးပါတီနဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီတို့က လွှတ်တော် အမတ် ၉ ဦးဟာ ဧပြီ ၁၉ ရက်ကနေ ၂၆ ရက်ထိ ကနေဒါပါလီမန်ကို သွားရောက်လေ့လာကြမှာ ဖြစ်ပါတယ်။

ကနေဒါပါလီမန်အဖွဲ့ရဲ့ဖိတ်ကြားချက်အရ သွားရောက်ကြမှာဖြစ်ပြီး ဒီခရီးရဲ့ ထူးခြားချက် တချို့ကို အဖွဲ့တည်း လိုက်ပါသွားမယ့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းက ပြောပါတယ်။

“သူတို့ပါလီမန်ရဲ့ လုပ်ကိုင်ပုံတွေ၊ လုပ်နည်းလုပ်ဟန်တွေကိုလည်း ပြောပြချင်ပုံရပါတယ်။ သူတို့နဲ့ အမေရိကန်စနစ်နဲ့ နည်းနည်းခြားနားမှု ရှိတယ်။ အမေရိကန်က သမ္မတစနစ်ဖြစ်တော့ ကျနော်တို့နိုင်ငံမှာ ကျင့်သုံးနေတဲ့ စနစ်နဲ့ နည်းနည်းဆင်တာပေါ့လေ။ သူတို့ ကနေဒါ စနစ်ကတော့ ၀န်ကြီးချုပ်စနစ်ဖြစ်တော့ သမ္မတစနစ်နဲ့ ကွာခြားမှုရှိတယ်။ အဲဒါတွေကိုလည်း ရှင်းပြရင်းနဲ့ အဓိကက ဘတ်ဂျက်ကိစ္စပေါ့။ ဘတ်ဂျက်နဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဘယ်လိုကြီးကြပ်မလဲ၊ အနီးကပ်စောင့်ကြည့်မလဲ။ လွှတ်တော်ထဲ ဘယ်လိုဆွေးနွေးမလဲဆိုတာတွေကို ပြောပြချင်မယ် ထင်ပါတယ်။”

အဖွဲ့ခေါင်းဆောင်အဖြစ် ပြည်သူ့လွှတ်တော်ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်၊ အဖွဲ့ဝင်တွေအဖြစ် အန်အယ်လ်ဒီပါတီက ဒေါ်ခင်စန်းလှိုင်နဲ့ ဒေါ်ခင်သန္တာ၊ အန်ဒီအက်ဖ်ပါတီက ဦးဇင်အောင်၊ ချင်းပါတီက ဦးခွန်လိန်း၊ မွန်က ဒေါက်တာဗညားအောင်မိုး၊ ရခိုင်က ဦးထွန်းအောင်ကျော်၊ ရှမ်းပါတီက ဦးရဲထွန်းနဲ့ လွှတ်တော်ရုံး တာဝန်ရှိသူတဦးတို့ ကနေဒါခရီးမှာ လိုက်ပါသွားကြမှာ ဖြစ်ပါတယ်။

လွှတ်တော်အမတ်တွေ အခုလိုမျိုး နိုင်ငံတကာလေ့လာရေးခရီးတွေ မကြာခဏ သွားရောက်လေ့ရှိကြပြီး အဲ့ဒီခရီးတွေနဲ့ ပတ်သက်လို့ လွှတ်တော်ထဲ ပြန်လည်ဝေမျှတာမျိုး လုပ်ဖို့ ကောင်းတဲ့ အကြောင်းလဲ ဦးရဲထွန်းက ခုလို ပြောပါတယ်။

“သူတို့က အကုန်အကျအများကြီးခံပြီး ကျနော်တို့ကို ခေါ်တာဖြစ်လို့ သွားတဲ့လူတွေကလည်း လေးလေးနက်နက် လေ့လာဖို့လိုတယ်။ ပြန်ရောက်ရင်လည်း ဒီအဖွဲ့တွေက လွှတ်တော်မှာ သူတို့ရဲ့ အတွေ့အကြုံတွေကို ရှင်းပြဖို့လိုမယ်ထင်တယ်။ ပြီးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ အဲလို ရှင်းပြတာ မတွေ့ဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013