Home
မြန်မာသတင်း
နိုင်ငံသုံးနိုင်ငံမှ မြန်မာနိုင်ငံ ပြန်လိုသူများအတွက် MNA က Relief Flight များ ပျံသန်းပေးမည်
DVB
·
April 25, 2020
နိုင်ငံပိုင်လေကြောင်းလိုင်းတခုဖြစ်တဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်းက စင်ကာပူ၊ ဘန်ကောက်၊ သုဝဏ္ဏဘူမိ၊ နယူးဒေလီမြို့တွေက မြန်မာနိုင်ငံပြန်လိုတဲ့ နိုင်ငံသားတွေအတွက် Relief Flight‌ တွေ အမြန်ဆုံး ပျံသန်းပေးသွားမယ်လို့ ကြေညာထားပါတယ်။ ဧပြီ ၂၃ ရက်နေ့က ပြုလုပ်တဲ့ Corona Virus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ သိရပါတယ်။ ဒီလို ပျံသန်းပေးရာမှာ သက်ဆိုင်ရာနိုင်ငံတွေက မြန်မာသံရုံးတွေနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်သွားမှာဖြစ်လို့ လိုက်ပါလိုသူတွေအနေနဲ့ သက်ဆိုင်ရာ မြန်မာသံရုံးတွေကို ဆက်သွယ်ရမှာ ဖြစ်ပါတယ်။  ပျံသန်းပေးမယ့် နေ့ရက်နဲ့ ခေါက်ရေကိုတော့ ညှိနှိုင်းဆွေးနွေးပြီးမှ ထပ်မံကြေညာပေးသွားမယ်လို့ MNA လေကြောင်းလိုင်းကနေ ထုတ်ပြန်အသိပေးထားပါတယ်။ COVID-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေတဲ့အချိန်မှာ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ဖို့ မြန်မာအမျိုးသားလေကြောင်းက ပြည်တွင်း ပြည်ပ လေယာဉ်ခရီးစဉ် ပျံသန်းပြေးဆွဲတာတွေကို ဧပြီ ၃၀ ရက်နေ့အထိ ခေတ္တရပ်ဆိုင်းထားတာပါ။ ဧပြီ ၂၄ ရက်မှာတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်ပြေးဆွဲခွင့် ရပ်ဆိုင်းတဲ့ကာလကို မေ ၁၅ ရက်အထိ တိုးမြှင့်ထားကြောင်းကို COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက  ထုတ်ပြန်ထားပါတယ်။ စိုးချစ်ပိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024