A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည် ဂျပန်ခရီးစဉ် စတင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံကို ဒီနေ့ ညနေပိုင်း ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်ကနေ စတင်ထွက်ခွာသွားပါတယ်။ ၁ ပတ်လောက်ကြာမြင့်မယ့် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံ အတွင်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဖို့ ရှိသလို ကျိုတိုမြို့မှာ အသေးစား ရေအားလျှပ်စစ် လုပ်ငန်းတခုကိုလည်း သွားရောက်လေ့လာဖို့ ရှိနေပါတယ်။ ဒါ့အပြင် ကျိုတိုတက္ကသိုလ်၊ ရှိကိုးကူးတက္ကသိုလ်တွေမှာ မိန့်ခွန်းပြောကြားသွားမှာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်ဝန်ကြီးချုပ်၊ ဂျပန်အထက်လွှတ်တော် ဥက္ကဋ္ဌ အပါအ၀င် လွှတ်တော်အမတ်တွေ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့နဲ့လည်း တွေ့ဆုံ ဆွေးနွေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ အဲဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေနဲ့လည်း တွေ့ဆုံဆွေးနွေးသွားဦးမှာ ဖြစ်ပါတယ်။ ဧပြီ ၁၉ ရက်နေ့မှာတော့ နာရီတာ လေဆိပ်ကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်နဲ့ပတ်သက်လို့ တိုကျိုအခြေစိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေဥက္ကဋ္ဌ ဦးသောင်းမြင့်ဦးနဲ့ မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up