DVB Logo
Home
မြန်မာသတင်း
ချမ်းမြသာစည်မြို့နယ် မီးလောင်မှု အိမ်ခြေ ၁၀၀ ကျော် ပျက်စီးဆုံးရှုံး
DVB
·
April 12, 2013
ချမ်းမြသာစည်မြို့နယ် မီးလောင်မှု အိမ်ခြေ ၁၀၀ ကျော် ပျက်စီးဆုံးရှုံး
1 / 2
Donate to DVB

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် တမ္မာဝတီ ချီပါရပ်ကွက်မှာ ဒီနေ့ မနက် ၁ နာရီကျော်လောက်က မီးလောင်ကျွမ်းခဲ့ပြီး အိမ်ခြေပေါင်း ၁၀၀  ကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

မီးဘေးဒုက္ခသည်တဦးက “အစ်ကိုအိမ်ပါသွားပြီ။ အစ်ကိုက မီးနဲ့နီးတယ်လေ။ မီးလောင်တာက ကျနော်အနောက်နားမှာဆိုတော့ မီးတွေ့တာနဲ့ ကလေးတွေဆွဲတာနဲ့ တန်းပြေးတယ်။ မီးလောင်တာတော့ ဘယ်ကနေ စလောင်တယ်ဆိုတာကိုတော့ အတိအကျမသိဘူး။ အခုကျနော် မီးလောင်တာ တွေ့တော့ ဆင်းပြေးကြတယ်။ ဘာမှမသိလိုက်ဘူး။”

မန္တလေးမြို့က မီးသတ်ကားတွေ တင်မကဘဲ စစ်ကိုင်းမြို့က မီးသတ်ကား ၂ စီး အပါအဝင် လာရောက် ငြိမ်းသတ်ပေးခဲ့ပြီး လေတိုက်နေတာကြောင့် မနက် ၄ နာရီကျော်လောက်မှ ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။  မီးလောင်ရတဲ့အကြောင်း အသေးစိတ်ကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

မီးသတ်ဝန်ထမ်းတဦးက “မန္တလေးမြို့က ကားတွေအကုန်ပေါ့။ စစ်ကိုင်းက ကားတွေလဲ ပါတယ်။ အိမ်ဘယ်နှလုံး ပါသွားလဲ၊ အဲ့တာတော့မသိသေးဘူး။ မပြောနိုင်သေးဘူး၊ လွဲသွားရင်မကောင်းဘူး” လို့ ပြောပါတယ်။

မနက် ၈ နာရီထိ မီးကြွင်းမီးကျန်တွေကို ငြိမ်းသတ်ခဲ့ရပြီး တမ္မာဝတီရပ်ကွက်မှာ အခုလို မီးလောင်မှုကြီးကြီးမားမား အရင်က မဖြစ်ခဲ့ဘူးကြောင်းလည်း ရပ်ကွက်နေပြည်သူတွေက ပြောကြပါတယ်။

အလားတူ  ပြည်ကြီးတံခွန်မြို့နယ်၊ သမန်းကုန်း မြို့သစ်ကွက် ၅၁ နဲ့၅၂ လမ်းကြားမှာလည်း မနက် ၅ နာရီ ၄၅ မိနစ်လောက် အချိန်က မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး နံနက် ၆ နာရီ ၁၅ မိနစ်မှာ မီးငြိမ်းသွားခဲ့ပါတယ်။

အစိုးရရဲ့ သတင်းထုတ်ပြန်ချက်အရ ၂၀၁၃ ခုနှစ် မတ်လအတွင်း တနိုင်ငံလုံးမီးလောင်မှု ၃၂၄ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

မီးလောင်မှုတွေမှာ  ပေါ့ဆမီး ၁၇၉  ကြိမ်၊ လျှပ်စစ်မီး ၃၅ ကြိမ်၊ မသမာသူ ရှို့မီး ၄၇ ကြိမ်၊ အလိုအလောက်မီး ၅ ကြိမ်၊ မိုးကြိုးပစ်မီး ၁ ကြိမ် နဲ့ တောမီးလောင် ၅၇ ကြိမ် ပါဝင်ပြီး ဒုက္ခသည် ၆၄၀၀  ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013