DVB Logo
Home
သတင်းဓာတ်ပုံ
သင်္ကြန်အတွက် မြို့မပြင်ဆင်
DVB
·
April 12, 2013
သင်္ကြန်အတွက် မြို့မပြင်ဆင်
Donate to DVB

သက်တမ်း ၈၈ နှစ်ရှိပြီဖြစ်တဲ့ မန္တလေးမြို့ဂုဏ်ဆောင် မြို့မအသင်းကြီးက ဧပြီလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ နာယကပူဇော်ပွဲကို ကျင်းပပါတယ်။

နာယကကြီးတွေဖြစ်တဲ့ ဦးစိန်ထွန်း (မြင်းမူ-မြို့မတူရိယာအသင်း)၊ မြို့မ ကိုပေါ၊ ဦးဝင်း၊ ဦးချစ်ဝိန့်၊ ဦးကျော်ညွန့် တို့ကို မြို့မအသင်းသူအသင်းသားများက ကန်တော့ကြတာဖြစ်ပါတယ်။ နှစ်စဉ်သင်္ကြန်မတိုင်ခင်မှာ အခုလို နာယကပူဇော်ပွဲကျင်းပလေ့ရှိပြီး နာယကတွေရဲ့ အဆုံးအမကို ခံယူကြပါတယ်။ မြို့မတူရိယာအသင်းက ငွေငန်းအလှပြယာဉ်ကိုလည်း သင်္ကြန်မှာလှည့်လည်ဖျော်ဖြေဖို့အတွက် ပြင်ဆင်နေကြပါတယ်။

သင်္ကြန်အကြိုနေ့ မနက် ၈ နာရီမှာ မဟာမုနိဘုရားကြီးကို ဦးခိုက်ဖို့အတွက် မြို့မအသင်းတိုက်က စတင်ထွက်ခွာကြမှာပါ။ သင်္ကြန်အကြိုနေ့ ညနေပိုင်းမှာတော့ မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲမှာ ငွေငန်းအလှပြယာဉ်နဲ့ သွားရောက်ဆင်နွှဲကြမှာဖြစ်ပါတယ်။

သင်္ကြန်ရက်တွေမှာတော့ ညတိုင်း ဖိတ်ခေါ်ထားတဲ့ မြို့မချစ်သူများရဲ့ အိမ်တွေအရောက် ဖျော်ဖြေပေးကြမှာ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ မြို့မတူရိယာအသင်းဟာ မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်မှာ သင်္ကြန် အကျ၊ အကြတ်၊ အတက် နေ့တွေမှာ ညနေ ၂ နာရီက ၆ နာရီထိ ဖျော်ဖြေကြမှာဖြစ်ပါတယ်။

သတင်းဓာတ်ပုံ - ချစ်ကို Read more

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013