DVB Logo
Home
သတင်းတို
ရွှေဆိုင်ပဋိပက္ခဖြစ်စဉ်တွင် ပါဝင်သူ ၃ ဦးကို ထောင် ၁၄ နှစ်စီ ချမှတ်
DVB
·
April 12, 2013
Donate to DVB

ပြီးခဲ့တဲ့ မတ်လအတွင်း ပဋိပက္ခစတင်ဖြစ်ပွားခဲ့တဲ့ မိထ္ထီလာမြို့ နယူးဝိန့်စိန် ရွှေဆိုင်က ၃ ဦး ကို မိထ္ထီလာမြို့နယ် တရားရုံးက ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။

မိထ္ထီလာမြို့ အမှတ် ၂ ရဲစခန်းမှာ အမှုဖွင့်ပြီး ဧပြီ ၅ ရက်နေ့မှ စတင်ကာ မြို့နယ် တရားရုံးမှာ ပြစ်မှုကြီးအမှတ် ၁၁၇၈/ ၂၀၁၃ ဖြင့် ကြားနာစစ်ဆေးပြီး အသိသက်သေ ၁၃ ဦးနဲ့ စစ်ဆေးခဲ့တယ်လို့ ဧပြီ ၁၁ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။

တရားခံတွေကတော့ ဦးထွန်းထွန်းဦး (ခ) အာရှစ်နဲ့ အလုပ်သမား ညီညီ (ခ) မင်းအောင်တို့ကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၈၂၊ ၃၂၅နဲ့ ၃၂၄ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၄ နှစ်၊ ရွှေဆိုင်ပိုင်ရှင် ဒေါ်မြင့်မြင့်အေးကို ပုဒ်မ ၃၈၂၊ ၃၂၅/၁၁၄နဲ့ ၃၂၄/၁၁၄ အရ အလုပ်နဲ့ ထောင်ဒဏ် စုစုပေါင်း ၁၄ နှစ်စီ ကျခံစေဖို့ တရားရုံးက ချမှတ် စီရင်လိုက်တယ်လို့ ဆိုပါတယ်။

ဈေးအရှေ့ဘက်ရှိ နယူးဝိန့်စိန် ရွှေဆိုင်တွင် ရွှေဆံကုပ် လာရောက်ရောင်းချရာကနေ ရောင်းသူနဲ့ ၀ယ်သူ အချင်းများ ကိုယ်ထိလက်ရောက် ရိုက်နှက်မှု ဖြစ်ပေါ်ခဲ့ပြီးနောက် ပဋိပက္ခ စတင်ဖြစ်ပွားခဲ့တာပါ။

အကြမ်းဖက် ပဋိပက္ခတွေကြောင့် ၄၃ ဦး သေဆုံးခဲ့ပြီး လူနေအိမ် ၁၂ဝဝ ကျော်၊ ဗလီ ၃၇ လုံး၊ ဈေးဆိုင် ၇၇ ခုလည်း ပျက်စီးခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရားဝင်ထုတ်ပြန်ထားပါတယ်။ ဒီဖြစ်စဉ်မှာ လူ ၁ သောင်းလောက် ဒုက္ခသည်ဖြစ်ခဲ့ရပြီး ရဲက လူ ၆၈ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013