Home
မြန်မာသတင်း
ရုံးစာများ အပြင်ကိုပေါက်ကြားပါက နိုင်ငံ့ဝန်ထမ်း ဥပဒေအရ အရေးယူမည်
DVB
·
April 23, 2020
ဌာနတွင်း ထုတ်ပြန်တဲ ရုံးတံဆိပ်ပါ စာတွေ အပြင်ကိုပေါက်ကြားပါက နိုင်ငံ့ဝန်ထမ်း ဥပဒေအရ အရေးယူသွားမယ်လို့ မကွေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦး ကပြောပါတယ်။ "COVID-19 ရောဂါအပြင် ဌာနဆိုင်ရာကိစ္စတွေကို Viber Group နဲ့ဆက်သွယ်ပြီး ညွှန်ကြားချက်တွေ ထုတ်ပြန်သလို ဗွီဒီယို ကွန်ဖရင့်နဲ့လည်း ဆက်သွယ်ဆွေးနွေးတာတွေရှိပါတယ်။ အထူးသဖြင့် COVID-19 ရောဂါနဲ့ပတ်သက်တဲ့ ညွှန်ကြားချက်တွေ Facebook လူမှုကွန်ရက် စာမျက်နှာပေါ်တွေမှာ ပေါက်ကြားပျံ့နှံ့နေပါတယ်။ ရုံးတံဆိပ် ရိုက်နှိပ်ထားတဲ့ စာတွေမှာ Code နံပါတ်တွေပါဝင်တဲ့အတွက် တံဆိပ်မပါအောင် ဖြတ်တောက်ပြီးလည်း Online ပေါ်ကို တင်ခွင့်မရှိပါဘူး။””လို့ ဒီဗွီဘီကို ပြောပါတယ်။ ဌာနဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ COVID-19 ရောဂါနဲ့ ပတ်သက်တဲ့ ရုံးစာတွေ ပေါက်ကြားမှု မရှိအောင် စောင့်စည်းရမယ့် တာဝန်ရှိသလို တကယ်လို့ ထပ်မံပေါက်ကြားပါက တာဝန်ရှိသူအဆင့်ဆင့်ကို စုံစမ်းဖော်ထုတ်ပြီး နိုင်ငံ့ဝန်ထမ်းဥပဒေ နဲ့ အရေးယူ သွားမယ်လို့လည်း နယ်လုံဝန်ကြီးက ပြောပါတယ်။ အဆိုပါရုံးစာတွေပေါက်ကြား ပျံ့နှံ့တာနဲ့ပတ်သက်လို့ အရေးယူမယ့် ကိစ္စကို မကွေးတိုင်းဒေသကြီး အတွင်းက ဌာနဆိုင်ရာ အားလုံးကို ညွှန်ကြားချက်ထုတ်ပြန်ထားတယ်လို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံက သိရပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024