DVB Logo
Home
မြန်မာသတင်း
တောင်တွင်းကြီးမြို့တွင် သင်္ကြန်အလှပြနှင့် သံချပ်ယာဉ်များ ခွင့်ပြုမိန့် မရသေး
DVB
·
April 11, 2013
Donate to DVB

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့မှာ သင်္ကြန်တွင်းလှည့်လည်ဖြေဖျော်မယ့် အလှပြယာဉ်နဲ့ သံချပ်ကားကို ခွင့်ပြုမိန့်ချမပေးသေးဘူးလို့ သံချပ်ဆင်ဆာတင်ပြီး စောင့်နေတဲ့ ပိုးသာကုန် မောင်ပုံစောင်းမတတ် အဖွဲ့က ပြောပါတယ်။

မတ် ၂၀ ရက်နေ့ကတည်းက တောင်တွင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူးကို လိပ်မူပြီး သံချပ်အဖွဲ့ဝင်အင်အားနဲ့ ဖွဲ့စည်းပုံတွေ တင်ပြထားခဲ့ပါတယ်။ အဲဒီနောက် ဧပြီ ၅ ရက်နေ့မှာတော့ သံချပ်စာသားတွေကိုပါ ဆက်လက် တင်ပြထားခဲ့ပေမယ့် အခုချိန်ထိ ခွင့်ပြုမိန့်မကျသေးဘူးလို့ အလှပြယာဉ်နဲ့ သံချပ်အဖွဲ့ စီစဉ်သူတွေက ပြောပါတယ်။

စီစဉ်သူတဦးဖြစ်တဲ့ ဦးပေတိုးက “ယနေ့ ဧပြီ ၁၀ ရက်နေ့ထိအောင် တစုံတရာ ပြန်ကြားခြင်းမရှိဘူး။ ကျနော်တို့က တလေးတစားနဲ့ ကျနော်တို့ရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးကို လိပ်မူတပ်ပြီး ဌာန ဆိုင်ရာအသီးသီးကို ပေးပို့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ တင်ပြထားတဲ့ တင်ပြမှုအပေါ်မှာ တလေးတစား ပြန်ပြီးတော့ မဆက်ဆံတာဟာ ကျနော်တို့ အတော်လေးကို အနှောင့်အယှက် ဖြစ်ရပါတယ်။”

ပိုးသာကုန်မောင်ပုံစောင်းမတတ် သံချပ်အဖွဲ့က အလှပြယာဉ်နဲ့ တောင်တွင်းကြီးမြို့မှာ လှည့်လည်ပြီး သံချပ်ထိုးဖျော်ဖြေဖို့ ပြင်ဆင်ထားခဲ့တာလို့ ဆိုပါတယ်။

“ဒီမိုကရေစီအကူးအပြောင်းကာလမှာ မြန်မာနိုင်ငံတနံတလျားလုံးမှာ သံချပ်တွေကို ပွင့်ပွင့်လင်းလင်း ရန်ကုန်၊ မန္တလေးတွေ နောက်ပုသိမ်တွေမှာ လုပ်နေရတာ ကျနော်တို့ သိပါလျက်နဲ့ စကိုင်းနက်ကတောင်  မြန်မာတပြည်လုံး ဖြန့်ပေးရတာ သိပါလျက်နဲ့ ကနေ့ ကျနော်တို့ရဲ့ သံချပ်အဖွဲ့ဟာ လက်ရှိအထိ တစုံတရာ ပြန်လည်တုံ့ပြန်ခြင်း မရှိတာဟာ ဘာ့ကြောင့်လဲ။ ဒီမိုကရေစီ ကွက်ကျားမိုးများ ရွာသလားလို့တောင် စဉ်းစားမိတယ်။”

ဒီအဖွဲ့ဟာ တောင်တွင်းကြီးမြို့မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကတည်းက တည်ထောင်ခဲ့တဲ့ သံချပ်အဖွဲ့ဖြစ်ပြီး အဆင့်ဆင့်လက်ဆင့်ကမ်းလာခဲ့တဲ့ တောင်တွင်းကြီးမြို့ရဲ့ အစဉ်အလာ သံချပ်အဖွဲ့ဖြစ်ပါတယ်။ သံချပ်တွေ တိုက်ထားပြီးသားမို့ သံချပ်တဖွဲ့သားလုံးအပြင် တမြို့လုံးကလည်း  မြို့နယ်ခွင့်ပြုမိန့် အမြန်ကျဖို့ စောင့်စားနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013