ဖောင်ကြီး COVID-19 ရောဂါကုသရေးဌာန (ဓာတ်ပုံ)
DVB
·
April 22, 2020
ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်ကို COVID-19 ကုသရေးဌာန ဆေးရုံကြီး ( COVID-19 Medical Center) အဖြစ် အသွင်ပြောင်းလဲထားပြီး လူနာတွေကို ကုသပေးဖို့ အဆင်သင့်အနေအထား ရောက်ရှိနေပြီလို့ သိရပါတယ်။
ဖောင်ကြီးကျန်းမာရေးစင်တာမှာ လတ်တလော ဆရာဝန်အင်အား ၈၀၊ ကျန်းမာရေးစောင့်ရှောက်မယ့်ဝန်ထမ်းအင်အား ၁၀၂ ဦးရှိပြီး ရောဂါဗေဒနဲ့ အဏုဇီဝဆရာဝန်၊ ဆေးဝါးနဲ့ ဆေးဘက်ကျွမ်းကျင်သူတွေ၊ ဓာတ်မှန်ကျွမ်းကျင်ဆရာဝန်တွေ၊ ဆေးပညာရှင် ပါမောက္ခ/ဆရာဝန်တွေနဲ့ မေ့ဆေးအထူးကု ဆရာဝန်တွေက တာဝန်ယူ ကုသပေးမှာ ဖြစ်ပါတယ်။
ဒါ့အပြင် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ကလည်း ပူးပေါင်းပြီး ရောဂါထိန်းချုပ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ ရောက်ရှိနေပါတယ်။
Photo - MPA