DVB Logo
Home
မြန်မာသတင်း
နေပြည်တော်အနီး ရစ်ခ်ျတာစကေး ၅.၅ အဆင့်ရှိ ငလျင်လှုပ်
DVB
·
April 11, 2013
Donate to DVB

ဒီနေ့ မနက်ပိုင်း ရစ်ခ်ျတာစကေး ၅.၅ အဆင့် လှုပ်သွားတဲ့ ငလျင်အပါအ၀င် နေပြည်တော်အနီး ၂ ပတ် အတွင်း  ငလျင် ၄ ကြိမ် လှုပ်ခဲ့ပါတယ်။

ဧပြီ ၁၁ ရက် မနက်ပိုင်း လှုပ်သွားတဲ့ ငလျင်နဲ့ ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက်ကို  မိုးလေ၀သဌာန တာဝန်ကျဝန်ထမ်းတဦးက အခုလို ပြောပါတယ်။

“မြန်မာစံတော်ချိန် ၁၀ နာရီ ၁၇ မိနစ် ၄ စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်၊ အနောက်မြောက်ဘက် ၁၈၀ မိုင်ခန့်အကွာ မြန်မာနိုင်ငံပြည်တွင်း နေပြည်တော်၏ အနောက်တောင်ဘက် ၃၆ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး ၅.၅ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော် ငလျင်တခု လှုပ်ခတ်သွားကြောင်း တိုင်းတာရရှိပါသည်။”

တနေ့တည်းမှာပဲ မနက် ၄ နာရီ ၃၆ မိနစ်မှာ ရှမ်းပြည်နယ် ဘော်လခဲမြို့ရဲ့ အရှေ့တောင်ဘက် ၂၅ မိုင်ခန့် အကွာကို ဗဟိုပြုပြီး ငလျင်ပြင်းအား ၄.၇ အဆင့်ရှိတဲ့ ငလျင်တခုလှုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

နေပြည်တော်အနီးတ၀ိုက်မှာတော့ ဧပြီ ၃၊ ၄နဲ့ ၅ ရက်တွေမှာ ဆက်တိုက်လှုပ်ခဲ့တာ ဖြစ်ပြီး၊ ငလျင်ပြင်းအားတွေက ၅.၅၊ ၄.၇ နဲ့ ၃.၅ အသီးသီး ဖြစ်ပါတယ်။

နေပြည်တော်အနီးတ၀ိုက် အခုလို ငလျင်မကြာခဏ လှုပ်နေတာဟာ စစ်ကိုင်းငလျင် ပြတ်ရွေ့ကြောပေါ် ရောက်နေတာကြောင့်လို့ မိုးလေ၀သဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။

“ပြတ်ရွေ့ကြောက စစ်ကိုင်းကနေပြီးတော့ မိတ္ထီလာအရှေ့ဘက်၊ နေပြည်တော်အနောက်ဘက်၊ ပဲခူးအနောက်ဘက် အဲဒီကနေပြီး ပင်လယ်ထဲကို ဆင်းသွားပါတယ်။ သူက လူနေထူထပ်တဲ့နေရာမဟုတ်ရင် မြေငလျင်က အထိအခိုက် သိပ်မရှိဘူး။ မြေငလျင်လှုပ်တဲ့နေရာက လူနေထူထပ်တဲ့ နေရာတွေဆိုရင် အထိအခိုက်က အနည်းနဲ့အများ ရှိတယ်။ အခုနေရာက လူမနေတဲ့ နေရာ၊ နေရင်လည်း ရိုးရိုး တထပ်အိမ် သစ်အိမ်၊ ၀ါးအိမ်ကလေး၊ ဒီကောင်က မြေငလျင်ဒဏ်ကို သိပ်မခံရဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013