DVB Logo
Home
မြန်မာသတင်း
WFP အကူအညီဖြင့် စားနပ်ရိက္ခာ တန်ချိန် ၁ သိန်း ၇ သောင်းကျော် ဖြန့်ဝေမည်
DVB
·
April 11, 2013
WFP အကူအညီဖြင့် စားနပ်ရိက္ခာ တန်ချိန် ၁ သိန်း ၇ သောင်းကျော် ဖြန့်ဝေမည်
Donate to DVB

မြန်မာနိုင်ငံအတွင်း လုံခြုံမှု မရှိတဲ့သူတွေနဲ့ အာဟာရချို့တဲ့သူတွေအတွက် ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ (WFP) က အမေရိကန်ဒေါ်လာ ၁၆၇ ဒဿမ ၆၉ တန်ဖိုးရှိတဲ့ ဆန်နဲ့စားနပ်ရိက္ခာ တန်ချိန် ၁၇၅၅၄၄ ဖြန့်ဝေ ကူညီသွားမယ်လို့ သိရပါတယ်။

မနေ့က နေပြည်တော် နယ်စပ်ရေးရာ ၀န်ကြီးရုံးမှာ နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) တို့ ပူးပေါင်း ပြုလုပ်တဲ့ စီမံကိန်းနားလည်မှုစာတမ်း လက်မှတ်ထိုးပွဲပြုလုပ်ရာမှာ သဘောတူညီခဲ့ကြတယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။

စီမံကိန်းကာလဖြစ်တဲ့ ၂၀၁၃ မှ ၂၀၁၅ ခုနှစ်အတွင်း ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်း၊ ကရင်၊ မွန်ပြည်နယ်၊ မကွေး၊ တနင်္သာရီနဲ့ ရန်ကုန်တိုင်းဒေသကြီးရှိ စားနပ်ရိက္ခာ လုံခြုံမှု မရှိတဲ့ သူတွေကို ကူညီသွားမယ်လို့ ဆိုပါတယ်။

နားလည်မှုစာတမ်းပါ စီမံကိန်းရဲ့ ရည်ရွယ်ချက်အရ ဘေးအန္တရာယ် ကြုံတွေ့နေရတဲ့ ဒေသ၊ ငြိမ်းချမ်းရေးဆောင်ရွက်ဆဲဒေသက ပြည်သူတွေအတွက် အာဟာရ ချို့တဲ့မှု၊ စားဝတ်နေရေးနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပြန်လည်ထူထောင်နိုင်ဖို့ အကူအညီပေးရေး၊ ကူးစက်ရောဂါ ခံစားနေကြသူတွေအပါအ၀င် ကလေးငယ်တွေရဲ့ ပညာသင်ကြားရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ကူညီသွားမယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013