DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်လေလံကိစ္စ ဆန္ဒထုတ်ဖော်ခွင့်ရရေး ပြည်နယ်ရုံးထိ စာတင်
DVB
·
April 10, 2013
Donate to DVB

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောဒေသမှာ နိုင်ငံသားမဟုတ်သူတွေကို စီးပွားရေး လေလံဆွဲခွင့် ပေးထားပြီး ဒေသခံတိုင်းရင်းသားတွေက အလုပ်အကိုင် ရှားပါးနေတဲ့အတွက်  ပြည်နယ်အဆင့် အာဏာပိုင်တွေကို စာတင်လိုက်တယ်လို့ ဘူးသီးတောင်မြို့နယ် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးထွန်းအောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။

၂၀၀၈ ခုနှစ် စည်ပင်သာယာရေးဥပဒေအရ  အမျိုးသားအကျိုးစီးပွားအတွက်  ဦးတည်ပြီး လေလံဆွဲခွင့်ရှိသူဟာ မြန်မာနိုင်ငံသား ဖြစ်ရမယ်လို့ ဆိုထားပေမယ့် ဘူးသီးတောင်နဲ့ မောင်တောက စည်ပင်သာယာရေးဌာနကတော့ ဥပဒေအတိုင်း မလိုက်နာဘဲ နိုင်ငံသားမဟုတ်သူတွေကို လေလံခွင့်ပြုနေတယ်လို့ ဆိုပါတယ်။

ဒီကိစ္စ ဥပဒေအတိုင်း ဆောင်ရွက်ဖို့ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီကနေ  ပြီးခဲ့တဲ့ မတ် ၈ ရက်နေ့မှာ တကြိမ်၊ ၂၅ ရက်နေ့မှာ တကြိမ် သက်ဆိုင်ရာ စည်ပင်ဌာနနဲ့ ရခိုင်ပြည်နယ်အစိုးရကို စာတင်ထားပေမယ့် အကြောင်းပြန်ခြင်း မရှိတာကြောင့် ငြိမ်းချမ်းစွာ စီတန်းဆန္ဒထုတ်ဖော်ဖို့ ဧပြီ ၆ ရက်နေ့မှာ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို စာတင်ခဲ့ပါတယ်။ ဒါပေမယ့် မြို့နယ်ရုံးက နယ်မြေတည်ငြိမ်မှုကို ထိပါးမှာစိုးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခွင့်မပြုခဲ့ပါဘူး။

ဒါကြောင့် ဒီနေ့မှာ  ပြည်နယ်ရဲတပ်ဖွဲ့မှူးထိ စာတင်လိုက်တယ်လို့ သူက ဆက် ပြောပါတယ်။

ငွေကြေးပိုတတ်နိုင်တဲ့ နိုင်ငံသားမဟုတ်သူတွေက ကူးတို့ဆိပ်လုပ်ငန်း၊ ဈေးကောက်လုပ်ငန်းနဲ့ သားသတ်လိုင်စင် စတဲ့အလုပ်တွေမှာ လေလံရပြီး အခွန်ငွေတွေ တိုးကောက်နေတာကြောင့် တိုင်းရင်းသားအများစုဟာ အလုပ်အကိုင်ရဖို့ ပြည်တွင်းနဲ့ ပြည်ပ အခြားတနေရာမှာ   ရွှေ့ပြောင်းလုပ်ကိုင်ကြရတယ်။

ဒေသထဲမှာ ရခိုင်၊ မြို၊ ခမီးနဲ့ သက် စတဲ့ တိုင်းရင်းသား ဦးရေတွေလည်း  နည်းပါးသွားတယ်လို့ ဦးထွန်းအောင်သိန်းက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013