DVB Logo
Home
မြန်မာသတင်း
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ပြန်ခိုးဝင်လာသူများကို ထိန်းချုပ်ရန်မလွယ်ဟု မောင်တောခရိုင် အုပ်ချုပ်ရေးမှူးပြော
DVB
·
April 20, 2020
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ပြန်ခိုးဝင်လာသူများကို ထိန်းချုပ်ရန်မလွယ်ဟု မောင်တောခရိုင် အုပ်ချုပ်ရေးမှူးပြော
Donate to DVB

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရှည်လျားတဲ့ နယ်စပ်ခြံစည်းရိုးတွေကနေ ရခိုင်ပြည်နယ်ထဲ ပြန်လည်ခိုးဝင်လာတဲ့သူတွေကို ထိန်းချုပ်ဖို့ မလွယ်ဘူးလို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရခိုင်ပြည်နယ်-မောင်တောမြို့နယ်မြောက်ပိုင်း နယ်မြေ (၅) ငါးခူရကျေးရွာအုပ်စု ဦးရှည့်ကျ ကျေးရွာကို တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ဘင်္ဂါလီ ၁ ဦး တရားမဝင် ပြန်လည်ခိုးဝင်လာမှုနဲ့ ပတ်သက်ပြီး မေးမြန်းချက်အပေါ် မောင်တောခရိုင်အုပ်ချုပ်ရေးမှူ ဦးစိုးအောင်က အခုလို ပြောပါတယ်။

နယ်စပ်ဂိတ်တွေကတော့ အကုန်လုံး ပိတ်ထားတာပါပဲ။ ဒါပေမဲ့ ရှည်လျားတဲ့ နယ်စပ်ခြံစည်းရိုးအနေအထားကို ထိန်းချုပ်ဖို့ မလွယ်ဘူးဗျ။ အခုလို COVID-19 ကြောင့် လတ်တလော အခြေအနေမှာ မောင်တောနယ်စပ်ကို ခိုးဝင်မှုမြင့်တက်နေတယ် လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူ ဦးစိုးအာင်က DVB ကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ဧပြီ ၁၈ ည ၆ နာရီခွဲလောက်က ဦးရှည့်ကျကျေးရွာကို တရားမဝင် ပြန်လည်ဝင်ရောက်လာသူ နုရ်ဟောက် (၂၈-နှစ်၊(ဘ)မာမောက်ဆလင်)ကို လှဖိုးခေါင် ယာယီပြန်လည်လက်ခံရေးစခန်းကို ပို့ဆောင်ခဲ့တယ်လို့ ဦးရှည့်ကျ ကျေးရွာအုပ်ချုပ်ရေးမှူး ဆီရာဆ်ဆလာမ်က ပြောပါတယ်။

အခုအချိန်မှာ COVID-19 ကြောင့် အထူးသတိထားရမယ့်အချိန် ဖြစ်တယ်။ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း ရောဂါကြောင့် သေဆုံးမှု ကူစက်မှုတွေ များလာနေတယ်။ ဒါကြောင့် တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ရောက်လာတာကို ကျနော်တို့ နှုတ်ပိတ်နေလို့ မရပါဘူး။ မြို့နယ်အထွေထွေကို အကြောင်းကြားပြီး မနေ့က လှဖိုးခေါင် ယာယီပြန်လည်လက်ခံရေးစခန်းကို ပို့ဆောင်လိုက်ပါတယ်။

ဧပြီ ၁၃ ရက်နေ့ကစပြီး မောင်တောနယ်စပ်ဂိတ်ပေါက်တွေ အားလုံး ပိတ်ထားကြောင်း အစိုးရက ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ လှဖိုးခေါင်ယာယီ ပြန်လည်လက်ခံရေးစခန်း၊ အ.ထ.က ၂ မောင်တောနဲ့ မိုးလုံလေလုံအားကစားရုံ စတဲ့ နေရာ ၃ နေရာကို Facility Quarantine စခန်းတွေအဖြစ် သတ်မှတ်ထားပါတယ်။ 

လှဖိုးခေါင် ယာယီပြန်လည်လက်ခံရေးစခန်းမှာ ၈၂ ဦး၊ ဒေသခံတိုင်းရင်းသားကျေးရွာတွေက နေအိမ်တွေမှာ ၁၈ ဦး စုစုပေါင်း အယောက် ၁၀၀ ကို Facility Quarantine ၂၁ ရက် စောင့်ကြည့်ထားရာမှာ ဧပြီ ၁၉ ရက်နေ့အထိ ၄၇ ဦးသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နေရပ်စွန့်ခွာသွားသူ မောင်တောခရိုင်မှာ ၅ သိန်းကျော်ရှိခဲ့ပြီး ဧပြီ ၁၉ ရက်အထိ မိမိဆန္ဒအလျောက် ပြန်ဝင်လာသူ ၇၃၀ ဦးလောက် ရှိတယ်လို့ အထွေထွေအုပ်ချုပ်ရေးစာရင်းအရ သိရပါတယ်။

လင်းလက်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013