DVB Logo
Home
မြန်မာသတင်း
သင်္ကြန်တွင်း မိုးရွာမည်ဟု မိုးလေ၀သဌာန ပြော
DVB
·
April 10, 2013
Donate to DVB

သင်္ကြန်တွင်းမှာ သင်္ကြန်မိုးရွာဖို့ရှိပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း တခု ဖြစ်လာရင်တော့ မိုးစွေဖို့ ရှိတယ်လို့ မိုးလေ၀သဌာနက ပြောပါတယ်။

သင်္ကြန်ကာလအတွင်း မိုးရွာဖို့ရှိပုံကို မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က အခုလို ပြောပါတယ်။

“ရခိုင်လည်း နည်းနည်းရွာနိုင်တယ်။ အထူးသဖြင့်တော့ ကချင်ပြည်နယ်နဲ့ တနသာင်္ရီတိုင်း၊ မွန်ပြည်နယ် မော်လမြိုင် သင်္ကြန်တွင်းရွာနိုင်တယ်။ ရန်ကုန်၊ ဧရာဝတီတိုင်းနဲ့ ပဲခူးကတော့ တကယ်လို့ ၁၅၊၁၆ နဲ့ ၁၇ မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ရင်တော့ ကျနော်တို့ဘက်ကို ဖြစ်တဲ့ မုန်တိုင်းက လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ မိုးကရွာမယ်။ တခါတလေကျ မလာဘူး။ လေဖိအားနည်းရပ်ဝန်းဖြစ်ပြီး မုန်တိုင်းအဆင့်မရောက်ခင်မှာပဲ တချို့နှစ်တွေ ပင်လယ်ထဲမှာပဲ ပျက်သွားတယ်။ ဒီလိုပျက်သွားပေမယ့် မိုးတော့ ရွာတယ်။ မပျက်ဘူး မုန်တိုင်းအဆင့်ရောက်တယ်ဆိုလည်း သတိပေးချက်ထုတ် ဆောင်ရွက်ရမယ်။ ပုံမှန်အားဖြင့်တော့ ဒီတိုင်း လေဖိအားနည်းရပ်ဝန်းနဲ့ မဟုတ်ဘဲ တိမ်ဖြစ်ထွန်းမှုနဲ့ရွာရင်တော့ ၁ ရက် ၂ ရက်ပဲ။ ရက်အရှည်မရွာဘူး။ အပူပြန်တက်ဖြစ်စဉ်နဲ့ ရွာတာပေါ့။ လေဖိအားနည်းရပ်ဝန်း ဆိုရင်တော့ လေဖိအားနည်းရပ်ဝန်း မပြီးမချင်း မိုးကစွေပြီး ၃-၄ ရက် ရွာတတ်တယ်။”

ဧပြီလ ၁၅၊ ၁၆ နဲ့ ၁၇ ရက်လောက်မှာ လေဖိအားနည်းရပ်ဝန်း တခုဖြစ်နိုင်တယ်။ တိမ်ကြောင့်ရွာမယ့်မိုးက ရွာရန်ရာခိုင်နှုန်း ၆၀ လောက် ရှိပြီး၊ လေဖိအားနည်းရပ်ဝန်းကြောင့် ရွာမယ့်မိုးကတော့ ရွာရင် ရာနှုန်းပြည့်ပဲ လို့လဲ ပြောပါတယ်။

သင်္ကြန်တွင်း ဖြစ်ပေါ်နိုင်တဲ့နေ့အပူချိန်တွေက ရန်ကုန်မှာ ၃၉၊ ၄၀ ဒီဂရီစင်တီဂရိတ်၊ မန္တလေးမှာ ၄၀၊ ၄၁ လောက် ရှိနိုင်ပြီး မကွေးတိုင်းမှာတော့ ၄၅၊ ၄၆ ဒီဂရီစင်တီဂရိတ်လောက်ထိ ရှိနိုင်တယ်လို့လဲ ပြောပါတယ်။

ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းက ၁၂ လောက်ထိ ရှိနိုင်တယ်လို့လည်း ခန့်မှန်း ပြောကြားပါတယ်။
လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်ရင် ၄၈ နာရီ ကြိုတင်ပြီး သတင်းထုတ်ပြန်ပေးမယ်လို့လဲ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013