တပ်သိမ်းမြေ ပြန်ရရေး ဒေသခံများနှင့်အတူ ဦးကျော်သူတောင်းဆို
DVB
·
April 10, 2013
လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်က အမှတ် ၅၅ ခြေလျင်တပ်ရင်းက တပ်မြေ တိုးချဲ့ဖို့ဆိုပြီး သိမ်းထားတဲ့ ငပလီကမ်းခြေက မြေ ၃၅ ဧကကျော်မှာ တပ်မြေ တိုးချဲ့တာမလုပ်ဘဲ ဟိုတယ်ဆောက်ဖို့ ငှားစားတဲ့အတွက် အဲဒီမြေတွေ ပြန်ရဖို့ ဒေသခံတွေနဲ့အတူ သက်ဆိုင်ရာကို တင်ပြသွားမယ်လို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက ဒီဗွီဘီကို ပြောပါတယ်။
ဒီမြေ ပိုင်ဆိုင်သူတွေထဲမှာ အန်အယ်လ်ဒီပါတီရဲ့ နာယက သူရဦးတင်ဦး၊ ဒီမိုကရက်ပါတီ (မြန်မာ) ခေါင်းဆောင် ဒေါ်သန်းသန်းနု၊ ကွယ်လွန်သူ သတင်းစာဆရာကြီး လူထု ဦးစိန်ဝင်းတို့ရဲ့ မြေကွက်တွေလည်း ပါတယ်လို့ ဦးကျော်သူက ရှင်းပြပါတယ်။
ဒီမြေတွေကိစ္စ လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မတီကို တင်ပြမှာဖြစ်ပြီး မြေကွက်ပြန်ပေးတာ၊ ဒါမှမဟုတ် ပေါက်ဈေးနဲ့ ငွေပေးချေတာ စသဖြင့် ဘယ်နည်းနဲ့ ဖြေရှင်းပေးမလဲ ဆိုတာကိုတော့ ကော်မရှင်၊ မြေသိမ်းထားသူတွေနဲ့ မြေကွက်ပိုင်ရှင်တွေ ညှိနှိုင်းရမယ်လို့ သူက ပြောပါတယ်။