အယ်လီဂရီ နယူးကာဆယ်နည်းပြ ဖြစ်လာပါက ဗီဒယ်ကို ခေါ်ယူနိုင်

နယူးကာဆယ်အသင်းနည်းပြ အယ်လီဂရီ ဖြစ်လာပါက ဘာစီလိုနာ ကွင်းလယ်လူ ဗီဒယ်လည်း ကာဆယ်အသင်းကို ပြောင်းရွှေ့ဖို့ရှိနေပါတယ်။ နယူးကာဆယ်အသင်းပိုင်းရှင် မိုက်အက်ရှ်လေဟာ အသင်းကို ပေါင်သန်း ၃၀၀ နဲ့ ဆော်ဒီနောက်ခံ ကုမ္ပဏီတခုဆီကိုရောင်းချဖို့ ဆွေးနွေးနေတာပါ။  နယူးကာဆယ်အသင်း ပိုင်ရှင်သစ်ဟာ အသင်းကို ပြုပြင်ပြောင်းလဲမှုများစွာ လုပ်ဆောင်မှာ ဖြစ်ပြီး နည်းပြချုပ်အဖြစ် ဂျူဗင်တပ်စ်နည်းပြဟောင်း အယ်လီဂရီကို ခန့်အပ်ဖို့ ပြင်ဆင်ထားတာပါ။  စပိန်သတင်းစာ မန်ဒိုဒီပို့တီဗို့ရဲ့ ဖော်ပြချက်အရ ကာဆယ်အသင်းကို အယ်လီဂရီနည်းပြ ဖြစ်လာပါက ဂျူဗင်တပ်စ်အသင်းမှာ လက်တွဲဖူးတဲ့ ဗီဒယ်ကိုလည်း ခေါ်ယူဖို့ရှိနေတာ ဖြစ်ပါတယ်။  ချီလီလက်ရွေးစင် ဗီဒယ်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ အပြောင်းအရွှေ့သတင်း ထွက်ပေါ်ခဲ့ဖူးပါတယ်။  အီတလီ၊ ဂျာမနီနဲ့ စပိန်လိဂ်တွေမှာ ကစားခဲ့တဲ့ ဗီဒယ်အနေနဲ့ အင်္ဂလန်ပရီးမီးယားလိဂ်ကိုလည်း ပြောင်းရွှေ့ကစားဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up