Homeမြန်မာသတင်း
ရခိုင်ပြည်နယ်က အကျဉ်းထောင်များမှ ပြန်လွတ်လာသူများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄ ဦးပါဝင်
ရခိုင်ပြည်နယ်က အကျဉ်းထောင်များမှ ပြန်လွတ်လာသူများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄ ဦးပါဝင်
DVB
·
April 18, 2020
သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ရခိုင်ပြည်နယ် အကျဉ်းထောင်တွေကနေ ပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄ ဦး ပါဝင်တယ်လို့ သိရပါတယ်။
ရခိုင်တပြည်နယ်လုံးရှိ အကျည်းထောင်တွေကနေ အကျဉ်သား ၃၃၁ ဦး ပြန်လည်လွတ်မြောက်လာတာဖြစ်ပြီး အဲဒီထဲမှာ င်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄ ဦးပါတယ်လို့ စစ်တွေအကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ဒီနေ့ ရခိုင်တပြည်နယ်လုံး အကျဉ်းထောင်က လွတ်တာက ၈၀၂ ဦးဆိုပေမဲ့ လျှောပေါ့ လေးပုံတစ်ပုံက ၄၇၁ ဦး ရှိတယ်ဗျ။ ဥပမာ သေဒဏ်ကိုလျှော့ရင် တသက်တကျွန်း ဖြစ်မယ်။ တသက်တကျွန်းကို လျှော့လိုက်ရင် နှစ် ၄၀ ဖြစ်မယ်။ အဲဒီလိုသဘောပါ။ ဒါကြောင့် အပြင်ကို အပြီးလွတ်မြောက်တာ တပြည်နယ်လုံးမှာ ၃၃၁ ဦးသာ ရှိပါတယ်။ ထိုအထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄ ဦး ပါတယ်။ ကျောက်ဖြူ အကျဉ်းထောင်က ၁ ဦး၊ ဘူးသီးတောင် အကျဉ်းထောင်က ၁၃ ဦးပါတယ်” လို့ ပြောပါတယ်။
ဧပြီလ ၁၇ ရက် မြန်မာနှစ်သစ်ကူးနေ့မှာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ တနိုင်ငံလုံးရှိ အကျဉ်းထောင်တွေကနေ နိုင်ငံသားအကျဉ်းသား ၂၄၈၉၆ ယောက်ကို စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွှတ်ပေးခဲ့ပြီး နိုင်ငံခြားသား အကျဉ်းသား ၈၇ ယောက်ကိုတော့ လွတ်ငြိမ်းခွင့်နဲ့ ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဘူးသီးတောင်အကျဉ်းထောင်မှ လွတ်မြောက်လာသူတွေကို တွေ့ရစဉ်
လင်းလက်