တိုက်ကြီး အိုင်ကလောင်စခန်းက အကျဉ်းသား ၂၇၀ ခန့်ပြန်လွတ်
DVB
·
April 17, 2020
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်မှာရှိတဲ့ အိုင်ကလောင်စိုက်ပျိုးရေးနဲ့ မွေးမြူရေး အတတ်သင်စခန်းကနေ အကျဉ်းသား ၂၆၉ ဦး သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်နဲ့ ဒီကနေ့ ပြန်လွတ်လာပါတယ်။
ပြန်လွတ်လာသူတွေကို တိုက်နယ်ကျန်းမာရေးမှူးက ကျန်းမာရေးစစ်ဆေး ပညာပေး ဟောပြောခဲ့ကာ အမှတ်(၄)ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ရင်းက တပ်မတော်သားတွေက ကိုဗစ်-၁၉ လက်ကမ်း ကြော်ငြာတွေနဲ့ နှာခေါင်းစည်း(mask) တွေဝေပေးခဲ့ပါတယ်။
ဒါ့အပြင် လွတ်မြောက်လာသူ တဦးကို ငွေကျပ် ၁၀၀၀၀ ၊ ဆန် ၆ ပြည်၊ ဆီ၊ ကြက်သွန်၊ ကြက်ဥ၊ ကော်ဖီမစ်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာတွေ တိုင်းဒေသကြီးအစိုးရက ထောက်ပံခဲ့ပြီး YBS-90 မော်တော်ယာဉ် ၉ စီးနဲ့ ကားဂိတ်၊ ဘူတာရုံနဲ့ သင်္ဘောဆိပ်တွေကို လိုက်လံပို့ဆောင်ပေးမယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သတင်း - မေသွယ်