Home
မြန်မာသတင်း
မိုးညှင်းအကျဉ်းထောင်မှ အကျဉ်းသား ၃၆၀ ကျော်ပြန်လွတ်
DVB
·
April 17, 2020
ကချင်ပြည်နယ် မိုးညှင်းအကျဉ်းထောင်က အကျဉ်းသား ၃၆၁ ဦး  ဧပြီ ၁၇ ရက် မနက်ပိုင်းက နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်မြောက်လာပါတယ်။  မိုးညှင်း လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးက "အကျဉ်းသားအားလုံး ၃၆၁ ဦးပါ။ မိုးညှင်းမြို့နယ်ထဲက သူတွေကိုရထားနဲ့ပြန်ဖို့ ဘူတာအထိ လိုက်ပို့ပေးပါတယ်။ ဖားကန့်၊ မိုးကောင်း၊ မန္တလေး၊ မြစ်ကြီးနားကားနဲ့ သူတို့မြို့နယ်အရောက်ပို့ပေးမှာပါ။ သူတို့မြို့နယ်ရပ်ကျေးတွေမှာ လိုအပ်ရင် ကျန်းမာရေး စောင့်ကြည့်ဖို့ မှာကြားထားပါတယ်”လို့ ပြောပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ရသူတဦးက "နိုင်ငံတော်ကို ကျေးဇူးတင်တယ်။ အပြင်မှာဖြစ်နေတဲ့ COVID-19 ကာကွယ်ဖို့ လူ ၅ ဦးထက်မစုရ၊ လက်ဆေး၊ နှာခေါင်းပိတ်တပ်၊ အိမ်ထဲမှာပဲနေ ဆိုတာတွေအပြင် ပညာပေးစာစောင်တွေပါပေးခဲ့တယ်။”လို့ ပြောပါတယ်။ အကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့အခမ်းအနားကို ဒေသခံလွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်နဲ့ မြို့နယ်အဆင့် အရာရှိတွေတက်ရောက်ပြီး ပြန်လွတ်လာသူတွေကို  နှစ်သိမ့်အားပေးကာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေမှာကြားခဲ့တယ်လို့သိရပါတယ်။ သတင်း- မုန်းမုန်းမင်း 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024