လားရှိုးအကျဉ်းထောင်က တရုတ်နိုင်ငံသား ၇၀ ကျော် ပြန်လွတ်လာ
ခွန်ဇော်ဦး
·
April 17, 2020
နိုင်ငံတော်သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ရှမ်းပြည်နယ် လားရှိုးအကျဉ်းထောင်ကနေ အကျဉ်းသား/သူ ၄၁၂ ဦး ဒီကနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့က ပြန်လည် လွတ်မြောက်လာပါတယ်။
ပြန်လွတ်လာတဲ့ အကျဉ်းသားတွေအထဲမှာ တရုတ်နိုင်ငံသား အမျိုးသား ၇၁ ဦး နဲ့ အမျိုးသမီး ၆ ဦး စုစုပေါင်း ၇၇ ဦး ပါဝင်တယ်လို့ လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။
မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းစခန်း အကျဉ်းထောင်တွေကနေ နိုင်ငံသား ၂၄၈၉၆ ဦးနဲ့ နိုင်ငံခြားသား ၈၇ ဦးကို နိုင်ငံတော်သမ္မတက လွတ်ငြိမ်းသားခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ- ခွန်ဇော်ဦး