မြန်မာအိုင်ဒေါစတား ဘင်ဂျမင်ဆုန်းရဲ့ ရှာပုံတော်မင်းသားကြီး နှုတ်ဆက်တေး(ရုပ်သံ)
DVB
·
April 16, 2020
ကမ္ဘာတလွှား ကပ်ရောဂါအသွင်ဆောင်ခဲ့တဲ့ COVID-19 ဗိုင်းရပ်စ်အန္တရာယ် ကြောင့် မြန်မာနိုင်ငံသားတွေဟာ နှစ်စဉ်မပျက် ကျင်းပနေကျ သင်္ကြန်ရေသဘင်ပွဲတော် ကို အခုနှစ်မှာတော့ အိမ်တွင်းပုန်းဆင်နွှဲခဲ့ကြရပြီ ဖြစ်ပါတယ်။
တနေ့တခြား ကူးစက်ပျံ့ပွားမှု မြန်ဆန်လာနေတဲ့ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရ မှုကနေ ကာကွယ်ဖို့ သက်ဆိုင်ရာ အစိုးရ ကျန်းမာရေးဌာနက အချိန်နဲ့ တပြေးညီ သ တင်းတွေ ထုတ်ပြန်ပေးနေသလို အိမ်ထဲမှာပဲ နေကြဖို့၊ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်အခမ်း အနားတွေ ရှောင်ကြဉ်ကြဖို့၊ လက်ဆေးဖို့၊ တကိုယ်ရေ သန့်ရှင်းရေးဂရုစိုက်ကြဖို့၊ မဖြစ် သာလို့ အပြင်ထွက်ရချိန်မှာလည်း ကျန်းမာရေးအကာအကွယ်အပြည့်အစုံနဲ့ သွားလာကြ ဖို့တွေကိုလည်း အသိပေးကြေညာထားခဲ့တာပါ။
ပုံမှန်ဆိုရင်တော့ သင်္ကြန်ကာလမှာ အနုပညာရှင်တွေက မဏ္ဍပ်တွေအနှံ့ သီဆို ဖျော်ဖြေနေကြရမှာ ဖြစ်ပေမယ့် ဒီနှစ်ရဲ့ သင်္ကြန်ကတော့ မိမိနေအိမ်ထဲကတဆင့် ဆင်နွှဲရ တဲ့ အွန်လိုင်းသင်္ကြန် ဖြစ်သွားခဲ့ရတာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲနဲ့အတူ ပရိသတ်ချစ်ခင်အား ပေးမှုရရှိလာတဲ့ ချင်းတိုင်းရင်းသားအဆိုတော် ဘင်ဂျမင်ဆုန်းရဲ့ နှုတ်ဆက် Challenge ရုပ်သံ ထွက်ပေါ်လာခဲ့ပါတယ်။
ဒီရုပ်သံထဲမှာတော့ ဘင်ဂျမင်ဆုန်းက မြန်မာအမျိုးသားဝတ်စုံကို ဝတ်ဆင်ထား ခဲ့ပြီး နာမည်ကြီး သင်္ကြန်သီချင်းတပုဒ်ဖြစ်တဲ့ ‘ရှာပုံတော်မင်းသားကြီး’သီချင်းနဲ့အတူ အဆိုတော် ဖြူဖြူကျော်သိန်းရဲ့ Challenge ကို လက်ခံသီဆိုခဲ့တာလို့ ဆိုပါတယ်။
သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို မျှ ဝေထားခဲ့ပြီး ခုလိုရေးသားဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။
“အားလုံးပဲ မဂ်လာပါ ခင်ဗျ။ Happy Stay Home Thingyan ပါဗျ။ ဒီနှစ် Thingyan ကိုတော့ ကိုကိုဘင်တို့တွေ Online ကနေပြီးတော့ အတာရေဖျန်းပက်ရင်း Covid-19 ကို မိမိကစကာကွယ်ကြရအောင်လားခင်ဗျ။ ဒီ Online ရေသဘင်မှာကတော့ ညီမလေးဖြူဖြူကနေပြီးတော့ အတူဆင်နွှဲဖို့ challenge ခေါ်ထားတာလေးကို accept လုပ်လိုက်တာဖြစ်ပါတယ်ဗျ။ အားလုံးပဲပျော်ရွှင်ကြပါစေဗျ။ Ko Kyaw Htet Aung ရေ ကိုကိုဘင်လည်းတင်လိုက်ပြီဗျ။ မမဖြူဖြူရေ ကိုကိုဘင်တင်ပြီးသွားပြီဗျ”
ရုပ်သံဗွီဒီယိုဖိုင်အစပိုင်းမှာတော့ ဘင်ဂျမင်ဆုန်းက ရှာပုံတော် မင်းသားကြီးသီချင်း ကို လက်တန်းသီဆိုပြခဲ့ပြီးနောက်မှာတော့ ပရိသတ်တွေကို နှုတ်ဆက်စကားပြောခဲ့ကာ စည်းကမ်းတကျ၊ ကျန်းမာရေးနဲ့အသိအညီ ဆောင်ရန် ရှောင်ရန်အချက်အလက် တွေကို လည်း မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသူ ၂ သန်း ကျော်သွားခဲ့ပြီဖြစ်ကာ မြန်မာနိုင်ငံမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၄ ဦးထိ ရှိလာခဲ့ပြီ ဖြစ်ကာ သေဆုံးသူ ၄ ဦးထိ ရှိနေခဲ့တာ ဖြစ်ပါတယ်။