Home
မြန်မာသတင်း
မောင်တောမြို့တွင် ရိုးရာအစဉ်အလာမပျက် နံ့သာသွေး၍ မြို့တွင်းလှည့်လည် ဘုရားရေသပ္ပယ်
DVB
·
April 15, 2020
93721134_270643157291418_923542660130537472_o
93519324_270642850624782_3495124302494171136_o
93264653_270643363958064_127722603577081856_o
93118483_270643203958080_8279617063060766720_o
93021593_270643260624741_7286888277997518848_o
92951365_270642897291444_5518898998150168576_o
ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ သင်္ကြန်ကာလ မြို့ရဲ့ရိုးရာအစဉ်အလာအရ နံ့သာသွေးပြီး ဧပြီ ၁၄ ရက် မနက်ပိုင်းက ကားတွေနဲ့ မြို့တွင်းလှည့်လည် ဘုရားရေသပ္ပယ်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဘုရားရေးသပ္ပါယ်ပြီးပြန်လာတဲ့ ကား ၃ စီးကို မောင်တောမြို့နယ်ရဲ့တပ်ဖွဲ့က မနေ့ မွန်းလွဲ ၂ နာရီခွဲလောက်မှာ ဖမ်းဆီးကာ အုပ်ထိန်းသူမိဘတွေကို ခေါ်ယူကာ ဝန်ခံချက်လက်မှတ်ထိုးပြီး ပြန်လွှတ်ပေးလိုက်ကြောင်းသိရပါတယ်။ မောင်တောမြို့နယ် ခေတ္တမြို့နယ်မှူး ဒုရဲမှူးမြင့်ဆွေက  "သူတို့ကို နိုင်ငံတော်က COVID-19 အတွက်ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကိုရှင်းပြပြီး နောက်တစ်ကြိမ်မလုပ်ဖို့ ကတိခံဝန်ချက်လက်မှတ်ထိုးပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။ ပထမဆုံးအကြိမ်အနေနဲ့ ပေါ့နော် နောက်တစ်ကြိမ်ဆိုရင်တော့ အရေးယူတာ ပြုလုပ်သွားမှာဖြစ်တယ်"လို့ ပြောပါတယ်။ COVID-19 ဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးကာကွယ်ဖို့ လူတွေ အိမ်ပြင်မထွက်ကြဖို့ သက်ဆိုင်ရာက နှိုးဆော်ထားပေမယ့် မောင်တောမြို့စျေးကြီးနဲ့ ဈေးဆိုင်တွေလည်း ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချနေ ကြပါတယ်။ မောင်တောမြို့ခံ မမေလိုဒီက "အခုက လျှပ်စစ်မီးလည်း မရဘူး။ အက်တာနက်လည်း မရတော့ ဒီကလူတွေက ဘာသတင်းမှမကြားရဘူး။ သတင်းတွေမကြားရတော့ ကြောက်ရွံ့ ထိတ်လန့်မှုလည်း မရှိတော့ဘူးပေါ့နော်။ နေမြဲတိုင်းနေ စားမြဲတိုင်းစားပေါ့ ဒီအတိုင်းပဲ နေထိုင်ကြ တယ်။ နောက်ပြီး ဒီမှာ ရောဂါဖြစ်နေတဲ့လူလည်း မရှိဘူး။ သေဆုံးတာလည်း မရှိပါဘူး။ ဒါကြောင့် ရိုးရာအစဉ်အလာအရ ဘုရားရေးသပ္ပါယ်တာတို့ ဘာတို့ရှိတယ်။ ကျမတို့ဆိုရင်လည်း နေတိုင်း ဆိုင်ဖွင့်သလိုမျိုး ဖွင့်နေကြတာပါပဲ။ ထွေထွေထူးထူး စိုးရိမ်စရာတော့ မတွေ့မိပါဘူး"လို့ ပြောပါတယ်။ မောင်တောမြို့မှာ COVID-19 နဲ့ ပတ်သက်ပြီး အသိပညာပေးတိုက်တွန်းတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ မောင်တောမြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးဝင်းနိုင်ကတော့ ပြောပါတယ်။ အသိပညာပေးတိုက်တွန်းတာတွေ ဆက်တိုက်ပြုလုပ်နေပေမယ့်လည်း မောင်တောမြို့မှာ ပြည်သူတွေမှာ စျေးဆိုင်တွေ ဖွင့်လှစ်ပြီး လက်ဘက်ရည်ဆိုင်တွေမှာလည်း လူစည်ကားနေ ကြပါတယ်။ အလားတူ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့တွေမှာလည်း ဧပြီ ၁၂ ရက်နေ့ ညနေပိုင်းမှာ နံ့သာသွေးတာ၊ ဘုရားရေသပ္ပါယ်တာတွေ ပြုလုပ်ခဲ့ကြတယ်လို့  မြို့ခံတွေထံက သိရပါတယ်။ သတင်း- လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024