DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့် ယူအန်အက်ဖ်စီ ဆွေးနွေးပွဲ ရွှေ့ဆိုင်း
DVB
·
April 8, 2013
အစိုးရနှင့် ယူအန်အက်ဖ်စီ ဆွေးနွေးပွဲ ရွှေ့ဆိုင်း
Donate to DVB

နိုင်ငံရေးဆွေးနွေးဖို့ သဘောတူထားကြတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)နဲ့ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေဟာ ကနဦးသတ်မှတ်ချိန် ၂ လအတွင်း တွေ့ဆုံဖို့ သတ်မှတ်ရက်ချိန်းအတိုင်း တွေ့ဆုံနိုင်ခြင်း မရှိတော့ဘဲ ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။

နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲလုပ်ဖို့ အကြိုညှိနှိုင်းပွဲကို ဖေဖော်ဝါရီ ၁၇ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စတင်စဉ်က ၂ လအတွင်း ထပ်မံတွေ့ဆုံကြဖို့ သဘောတူကြေညာခဲ့တာပါ။

[caption id="attachment_38257" align="alignright" width="300" caption="ချင်းမိုင်မြို့တွင် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ယူအန်အက်ဖ်စီတို့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ပထမအကြိမ် တွေ့ဆုံခဲ့စဉ်"][/caption]

ဒါပေမယ့်လည်း လွန်ခဲ့တဲ့ရက်ပိုင်းက အစိုးရနဲ့ ကေအိုင်အိုအကြား တွေ့ဆုံပွဲကို ရက် ရွှေ့ဆိုင်းမှုကြောင့် ယူအန်အက်ဖ်စီဆွေးနွေးပွဲလည်း ရွှေ့ဆိုင်းလိုက်ရတာလို့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါ တယ်။

“ကေအိုင်အိုနဲ့ တွေ့ပြီးရင် ယူအန်အက်ဖ်စီနဲ့တွေ့၊ ပြီးရင် ကေအိုင်အိုနဲ့တွေ့၊ အဲလို သွားနေတော့ အခု အဲဒီအခင်းအကျင်းက မြစ်ကြီးနားမှာ တွေ့မယ်ဟာ ရွှွှွှေ့သွားတော့ အဲဒီအပေါ်မှာ ကျနော်တို့ဘက်ကလည်း ဂျပန်ခရီးစဉ်နဲ့ဆိုတော့ ပြင်ဆင်ဖို့ မအားလိုက်ဘူး။ အားလုံးက သင်္ကြန်အလွန်မှာ ဖြစ်သွားမယ်ထင်တယ်။”

ယူအန်အက်ဖ်စီကိုယ်စားလှယ်တွေကလည်း ဂျပန်နိုင်ငံတွေကို သွားရောက်နေရသလို မြန်မာအတာ သင်္ကြန်ပွဲတော် ခံသွားတဲ့အတွက် သတ်မှတ်ရက်မှာ မတွေ့နိုင်ဘူးလို့လည်း ပြောဆိုပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက သင်္ကြန်အပြီးလောက်မှ  တွေ့ဆုံနိုင်ဖွယ်ရှိတယ်လို့ ဖြေပါတယ်။

“ချိန်းဆိုတာက အတိအကျမရှိသေးဘူး။ သင်္ကြန်ကလည်းရှိနေတော့ သင်္ကြန်နောက်ပိုင်းလောက်မှ ဒီကိစ္စတွေဖြစ်လိမ့်မယ်။ လောလောဆယ် ဒိတ်ပြောတာတွေမရှိသေးဘူး။ နောက် ကျနော်တို့ကြားတာလည်း ယူအန်အက်ဖ်စီထဲက တချို့တိုင်းရင်းသားခေါင်းဆောင်တွေလည်း road map ကိစ္စတွေ ဆွေးနွေးနေတယ်ကြားတယ်။ နှစ်ဖက်အဆင်သင့်ဖြစ်တဲ့အချိန် လုပ်ဖြစ်မယ် ထင်တယ်။”

ဒါပေမယ့်လည်း တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီးတော့ လိုအပ်ချက်တွေကို ဆွေးနွေးတဲ့ အဖွဲ့ငယ်လေးတွေရဲ့ တွေ့ဆုံပွဲကတော့ ရှိနေတယ်လို့ ခွန်ဥက္ကာက ပြောပါတယ်။

အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ယူအန်အက်စီတို့ဟာ ဖေဖော်ဝါရီလတုန်းက ချင်းမိုင်မှာ တွေ့ဆုံခဲ့ပြီးတော့ ဆွေးနွေးပွဲကနေ တိုးတက်မှုတွေကို ဖော်ဆောင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013