Home
မြန်မာသတင်း
တောင်ဥက္ကလာ ဇီဇဝါဥယျာဉ်အိမ်ရာတွင် Lockdown ချ
DVB
·
April 14, 2020
93001915_3053460634714449_2837405672348319744_n
COVID-19 လူနာနှင့် ထိတွေ့ခဲ့ဖူးသူ ခရစ်ယာန် ဓမ္မကထိက စောဒေးဗစ်လားအပါအဝင် ၆ ဦးနေထိုင်ခဲ့တဲ့ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်၊ ၁၅ ရပ်ကွက်၊ ဇီဇဝါဥယျာဉ်အိမ်ရာရှိ ခြံအမှတ် (၃၂)နဲ့ (၂၄)တို့ကို မနေ့ညကစပြီး Lockdown စချ အသွားအလာပိတ်ထားလိုက်ပြီလို့ တောင်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခိုင်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။ ဇီဇဝါဥယျာဉ်အိမ်ရာမှာ နေထိုင်သူ  ၆ ဦးဟာ ရောဂါပိုးတွေ့တဲ့သူတွေနဲ့ထိတွေ့ခဲ့လို့ဆိုပြီး ရောဂါပိုးစစ်ဆေးခံဖို့ ဧပြီ ၁၂ ရက် ညနေပိုင်းက လှိုင်မြို့နယ်မှာ အသွားအလာကန့်သတ် စောင့်ကြည့်  quarantine ထားပြီး စစ်ဆေးခဲ့တာဖြစ်ပါတယ်။ အဲဒီ ၆ ယောက်ထဲမှာ ရောဂါပိုးတွေ့သူ ဘယ်နှစ်ဦးရှိမလဲဆိုတာ မသိရှိကြောင်း တောင်ဥက္ကလာပမြို့နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်က ဒီဗွီဘီကိုပြောပါတယ်။ သူတို့ ၆ ယောက်နေတဲ့ ဇီဇဝါအိမ်ရာဝင်းထဲကိုတော့ ရဲတပ်ဖွဲ့ဝင်တွေ ရောဂါကူးမှာစိုးလို့ အထဲမဝင်တော့ဘဲ ဝင်ပေါက် ထွက်ပေါက်တွေမှာ လုံခြုံရေးချထားကြောင်း ရဲမှူးခိုင်ဝင်းက ပြောပါတယ်။ ခရိယာန် ဓမ္မကထိကတစ်ဦးလည်းဖြစ်တဲ့ စောဒေးဗစ်လားဟာ မရမ်းကုန်းမြို့နယ်မှာ လူ ၂၀ လောက်ပါတဲ့ ဘာသာရေးအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့တဲ့ ရာဇဝင်ရှိတယ်လို့လည်း  ဆိုပါတယ်။ COVID-19 အတည်ပြုလူနာနံပါတ် ၃၃၊ ၃၄၊ ၃၅ နဲ့ ၃၆ တို့ဟာ မတ်လ ၂၀ ရက်က နိုင်ငံခြားသားတွေ တက်ရောက်တဲ့ ဘာသာရေးအခမ်းအနားတခုကို တက်ရောက်ခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024