မြန်မာ့ရုပ်သံ ဒီဂျစ်တယ်စနစ်ပြောင်းမည်

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) ဟာ လက်ရှိ ထုတ်လွှင့်နေတဲ့ Analog စနစ်အစား ဒီဂျစ်တယ်စနစ်ပြောင်းပြီး Set-top Box နဲ့ ဖမ်းယူကြည့်ရှုရတဲ့ စနစ်ကို အစားထိုးမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။ ဒီအတွက် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား ရုပ်သံလိုင်းဟာ receiver နဲ့ ဖမ်းယူကြည့်ရှုရတဲ့ တတိယမြောက် ရုပ်သံအစီအစဉ် ဖြစ်လာမှာပါ။ လောလောဆယ် MRTV-4 ရုပ်သံလိုင်းနဲ့ မြ၀တီရုပ်သံလိုင်းတွေက Set-top Box အသုံးပြု ဖမ်းယူကြည့်ရှုတဲ့စနစ်နဲ့ ထုတ်လွှင့်နေပါတယ်။ မြန်မာ့ရုပ်သံဟာ ဒီဂျစ်တယ်စနစ်ပြောင်းပြီး receiver နဲ့ ထုတ်လွှင့်နိုင်ဖို့အတွက် Set-top Box ပေါင်း ၁ သန်း ၀ယ်ယူလိုကြောင်း တင်ဒါ ခေါ်ယူထားပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ကလည်း မြန်မာ့ရုပ်သံကို အများပြည်သူ ၀န်ဆောင်မှု မီဒီယာအဖြစ် ပြောင်းဖို့ရှိပြီး ဘီဘီစီအသံလွှင့်ဌာနလို ဖြစ်လာမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်း ဂျပန် မိုင်အိနီချိ သတင်းစာနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up