ပျဉ်းမနားမြို့က ပရဟိတအသင်း အခြေခံလူတန်စားများအတွက် Mask ချုပ်ပြီး ဝေငှသွားမယ်
နေဖြိုးဝင်း
·
April 12, 2020
ပျဉ်းမနားမြို့ရှိ မျှဝေသောလက်များ ပရဟိတအသင်းက Mask အခုရေ ၁ သောင်းကျော်ချုပ်ပြီး နေ့စဉ် စားဝတ်နေရေးအတွက် မဖြစ်မနေ အပြင်ထွက်နေရသူတွေဖြစ်တဲ့ ဆိုက်ကားဆရာတွေ၊ ခေါင်းရွက်ဗျပ်ထိုး စျေးသည်တွေနဲ့ တခြား အခြေခံလူတန်းစားတွေကို ဝေငှသွားမယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ Covid 19 ကြောင့် ကုန်ကြမ်းရရှိဖို့နဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေရှိတဲ့ကြားကနေ ရသလောက် ကုန်ကြမ်းကိုပဲ ချုပ်ပြီး ဝေငှသွားမယ်လို့ ဆိုပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနကနေ ပြည်သူတွေကို ဖြန့်ဝေဖို့ Mask ၆ သန်းကျော်ရှိပြီး နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမရဲ့ Facebook စာမျက်နှာကနေ Mask ကို ကိုယ်တိုင်ချုပ်ပြီး ဝတ်ဆင်ပြခဲ့ပါတယ်။