သထုံနှင့် သံဖြူဇရပ်ဆေးရုံတွင် Hospital Quarantine ထားရှိသူ ၂ ဦးကွယ်လွန်
DVB
·
April 10, 2020
မွန်ပြည်နယ်၊ သထုံပြည်သူ့ဆေးရုံနဲ့ သံဖြူဇရပ်ဆေးရုံတွေမှာ Hospital Quarantine ထားရှိသူ ၂ ဦး ဒီကနေ့ မနက်က ကွယ်လွန်သွားတယ်လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာ ထွန်းအောင်ကြည်က ဒီဗွီဘီ ကို ပြောပါတယ်။
သေဆုံးသူတွေမှာ COVID-19 ရောဂါရှိမရှိ သိရဖို့ ဓာတ်ခွဲနမူနာ ရန်ကုန်ကိုပို့ဆောင်ထားပြီး ဓာတ်ခွဲစစ်ဆေးတွေ့ရှိချက်အဖြေတွေကိုတော့ ဒီနေ့ ညပိုင်းမှာ ရရှိနိုင်မယ်လို့ သိရပါတယ်။
မော်လမြိုင်မှာလည်းလူ နှစ်ဦးသေဆုံးတယ်လို့ အင်တာနက်မှာ ရေးသားနေပေမဲ့လည်း အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ဆီကို သတင်းပို့တာမရှိသေးဘူးလို့လည်း ပြည်နယ်ဦးစီးမှူး ဒေါက်တာ ထွန်းအောင်ကြည်က ပြောပါတယ်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာတော့ ထိုင်းကပြန်လာတဲ့ အသက် (၂၄)နှစ်အရွယ် အမျိုးသမီး တဦးမှာ COVID-19 ရောဂါတွေ့ရှိကြောင်း ကျန်းမာရေးဌာနက ဒီမနက်အစောပိုင်းက အတည်ပြု ထုတ်ပြန်ထားပါတယ်။