DVB Logo
Home
မြန်မာသတင်း
ရှမ်းပါတီများ ပူးပေါင်းရေး ကျားဖြူပါတီ စတင်
DVB
·
April 5, 2013
ရှမ်းပါတီများ ပူးပေါင်းရေး ကျားဖြူပါတီ စတင်
Donate to DVB

ရှမ်းနိုင်ငံရေးပါတီအချင်းချင်း ပူးပေါင်းနိုင်ဖို့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီက ကော်မတီတရပ် ဖွဲ့စည်းလိုက်ပြီး မကြာခင်မှာ သက်ဆိုင်ရာ ပါတီတွေနဲ့ သွားရောက်ညှိနှိုင်းတော့မှာ ဖြစ်ပါတယ်။

၂၀၁၃ နှစ် ဇန်န၀ါရီလဆန်းပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ကျင်းပခဲ့တဲ့ ကျားဖြူပါတီညီလာခံကနေ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး အဖွဲ့ဝင်  ၅ ဦးပါ ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့တယ်။

ဆက်သွယ်ညှိနှိုင်းမှုတွေ စတင်လုပ်ဖို့ကိုတော့ ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါဝ်းက ဧပြီ ၃ ရက်နေ့မှာ တာဝန်ပေးခဲ့တာဖြစ်ပြီး ပူးပေါင်းဖို့ အရင်ညှိနှိုင်းရမယ်လို့ ရှမ်းပါတီပူးပေါင်းရေး ကော်မတီဝင်တဦးဖြစ်တဲ့ လဲချားမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းမောင်တင်က ပြောပါတယ်။

“အဓိက ပြည်သူ့ဆန္ဒကို ဖော်ဆောင်နိုင်ဖို့ ကျနော်တို့ ကြိုးစားရမှာပေါ့။ ပူးပေါင်းဖို့တော့ မလွယ်သေးဘူး။ တပါတီနဲ့တပါတီ နည်းနည်းလေး ကွဲလွဲမှုရှိတယ်။ ရည်ရွယ်ချက်ချင်းကတော့ တူနေတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်လိုညှိနှိုင်းပြီးတော့ ဘယ်မဲဆန္ဒမှာ ဘယ်ပါတီက ၀င်မလဲဆိုတာ ကျနော်တို့ ညှိနှိုင်းဖို့ အရင်စလုပ်ရပါလိမ့်မယ်။”

ရှမ်းပါတီများ ပူးပေါင်းရေးကော်မတီထဲမှာ  ဦးစိုင်းမောင်တင်အပါအ၀င် ကျားဖြူပါတီ ဗဟိုကော်မတီဝင်တွေ ဖြစ်ကြတဲ့ ဦးစိုင်းဆောင်ဆီ၊ စ၀်ဆိုင်မိုင်း၊ ဦးစိုင်းကျော်ဇောသန်းနဲ့ မိုင်းကိုင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် စိုင်းပန်တို့ ပါဝင်ကြပါတယ်။

ရှမ်းပါတီများ ညီညွတ်ရေးအတွက် ကချင်ပြည်နယ်က ရှမ်းနီ ခေါ် တိုင်းလိုင်အမျိုးသား တိုးတက်ရေးပါတီတွေနဲ့လည်း ဆက်သွယ်ဆွေးနွေးဖို့ ရှိတယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ပြောခွင့်ရ ဦးစိုင်းလိတ်ကို မေးမြန်းကြည့်ရာမှာ ကျားဖြူပါတီဘက်က တရားဝင် ဆက်သွယ်လာတာ မရှိသေးတဲ့အတွက် ပါတီကိုယ်စား ဘာမှဖြေကြားဖို့ အဆင်မသင့်သေးဘူးလို့ ပြောပါတယ်။

ဒါပေမယ့် သူရဲ့အမြင်ကတော့  ပါတီတွေ ပူးပေါင်းခြင်းအားဖြင့် အားသာချက်ရှိသလို၊ အားနည်းချက်တွေလည်း ရှိနိုင်တယ်လို့ ပြောပါတယ်။

“ပါတီတွေ ပူးပေါင်းခြင်းအားဖြင့် ဥပမာ ရွေးကောက်ပွဲဝင်ရင် လူထုအနေနဲ့ေ၀၀ါးစရာမရှိဘူး။ ရှမ်းပါတီတခုတည်းရှိရင် ဒီပါတီ တခုတည်းကို မဲထည့်လိုက်ရုံပဲ၊ ဒါက အားသက်ချက်။ အားနည်းချက်က လူထုကို ဒီမိုကရေစီဆိုင်ရာ အလေ့အကျင့်တွေကို ချပြနေတဲ့ အခုလို အကူးပြောင်းကာလမှာ လူထုမှာ ရွေးချယ်စရာ နည်းသွားမှာပေါ့။ ဘယ်ကိစ္စမဆို အကောင်းချည်းပဲ မရှိနိုင်သလို အဆိုးချည်းပဲလည်း မရှိနိုင်ပါဘူး။ တကယ်လို့ ပူးပေါင်းကြမယ်ဆိုရင် အချိန်ယူပြီး ညှိနှိုင်းကြဖို့ လိုအပ်လိမ့်မယ်လို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ တဖွဲ့နဲ့တဖွဲ့ သွားနေတဲ့လမ်းစဉ်၊ လုပ်နေတဲ့ ပုံစံ နိုင်ငံရေး ရပ်တည်ချက် အစရှိသဖြင့် အသေးစိတ်ညှိနှိုင်းဖို့ လိုအပ်ပါတယ်။ ဒါတွေ မညှိနှိုင်းပဲ အမျိုးသားရေးစိတ်တခုတည်းနဲ့၊ ဖြစ်ချင်ဇောတခုတည်းနဲ့ လုပ်မယ်ဆိုရင် အမှားများလိမ့်မယ်။ ဒါကြောင့် ပူးပေါင်းတဲ့အပေါ်မှာ ကြိုဆိုတယ်၊ ကမ်းလှမ်းမယ်ဆိုရင်လည်း ၀မ်းမြောက်စွာ ကြိုဆိုမယ်။ ဒါပေမယ့် အသေးစိတ်ညှိနှိုင်းဖို့ လိုအပ်လိမ့်မယ်။”
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်ပိုင်းက ပြုလုပ်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲမှာ တက်ရောက်လာသူ လူထုလူတန်းစားနဲ့ အဖွဲ့အစည်း ကိုယ်စားလှယ်တွေ အများစုက ရှမ်းနိုင်ငံရေးပါတီအချင်းချင်း၊ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့တွေ အချင်းချင်း ပူးပေါင်းကြဖို့ လိုလားကြောင်း တင်ပြခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013