Home
မြန်မာသတင်း
မန္တလေးတွင် အခြေခံ စားသောက်ကုန်များ ထက်ဝက်လျှော့ဈေးနှုန်းဖြင့် ရောင်းချပေးနေ
DVB
·
April 10, 2020
92670625_1125020994529329_423348058714013696_o
93140136_1125021604529268_1050193218395701248_o
92481010_1125021081195987_4740682354685640704_o
92460274_1125021684529260_5323667218146263040_o
91912641_1125021754529253_7451732524432097280_o
COVID-19 ကြောင့် အခြေခံစားသောက်ကုန်နဲ့ ကုန်ဈေးနှုန်းတည်ငြိမ်ဖို့အတွက် ဈေးနှုန်း ထက်ဝက်လောက် လျှော့ရောင်းချပေးနေတယ်လို့ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI) က ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က တန်ဖိုး ၃၇၀၀ ကျပ်ရှိတဲ့ အခြေခံစားသောက်ကုန်တွေကို ၂၀၀၀ ကျပ်နဲ့ မန္တလေးမြို့ပေါ်က မြို့နယ်တချို့မှာ လိုက်လံ ရောင်းချပေးခဲ့ပြီး မတ် ၂၃ ရက်နေ့ နောက်ပိုင်းမှာတော့ ရောင်းချမှုကို ခတ္တရပ်တန့် ထားခဲ့ပါတယ်။ လတ်တလောမှာ အရပ်ဘက်အဖွဲ့အစည်း တချို့နဲ့ အလှူရှင်တွေ ပူးပေါင်းပြီး အိမ်အပြင်ထွက်ပြီးဈေးဝယ်ဖို့ အဆင်မပြေတဲ့သူတွေအတွက် ပုံမှန်ဈေးနှုန်းထက် ထက်ဝက်ကျော်လျှော့ချရောင်းပေးနေတာပါ။ မန္တလေးတိုင်း ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဥက္ကာကျော်က "တိုင်းအစိုးရအဖွဲ့ကလည်း ဒုတိယအကြိမ်ရောင်းချပေးပါဦးလို့ ညွှန်ကြားပါတယ်။ ဒုတိယအကြိမ်ရောင်းတဲ့အခါမှာတော့ ပိုပြီးတော့ အလှူရှင်တွေ ပိုများလာတယ်။ ကြက်သွန်နီ၊ ရွှေကျီးမုန့်ကြွပ်တို့ တခြားပစ္စည်းတွေများလာတယ်။ အလှူရှင်တွေများတဲ့အခါကျတော့ ဒီအခါကတော့ ၂၀၀၀ ဆိုတာထက် ၂၀၀၀ ထက်မကတာ အရင်းက ၃၇၀၀ တန်ဖိုးထက်မကပါဘူး ၄၀၀၀ ကျော်တန်ဖိုးလောက်ရှိပါတယ်။ အခြေခံကတော့ လက်ဖက်၊ ပဲကြော် ဆီဆန် ကြက်ဥကတော့ပါတာပေါ့" လို့ ပြောပါတယ်။ လူစုလူဝေးဖြစ်မှုကို ရှောင်ရှားနိုင်ဖို့ စားသောက်ကုန်ပစ္စည်းတွေကို စနစ်တကျ ထုပ်ပိုးပြီးမှ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်နဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက တဆင့် ရပ်ကွက်နေ ပြည်သူတွေထံ အိမ်အရောက် သွားရောက်ရောင်းချပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။ ရောင်းချပေးတဲ့ စားသောက်ကုန်ပစ္စည်းတွေကတော့ ၁၃၅၀ ကျပ်တန် ဆန် ၁ ပြည်၊ ၁၁၅၀ ကျပ်တန် ပဲဆီသန့် ၁၅ ကျပ်သား၊ ၃၀၀ ကျပ်တန် အရီးတောင်းလက်ဖက်နဲ့ ရွှေမင်းသမီး ပဲဆံကြော် ၅ ထုတ်၊ ၇၂၀ ကျပ်တန်ဖိုးရှိတဲ့ ကြက်ဥ ၆ လုံးကို နှစ်ထောင်ကျပ်တည်း ထုပ်ပိုးရောင်းချပေးတာလို့ သိရပါတယ်။ ရွှေကျီးမုန့်ကြွပ်ထုတ်၊ Rose ဘီစကစ်၊ သားသားဆန်ပြုတ်၊ ပုစွန်ကော်ပြန့်ထုပ်၊ ကွတ်ကီးနဲ့ မုန့်ကြွပ်တွေ၊ ရွှေမင်းသမီး လက်ဖက်နဲ့ အကြော်စုံ၊ စိန်ပလောင်အသင့်စားလက်ဖက်၊ လက်သန့်ဆေးနဲ့ ဆပ်ပြာရည်၊ GIFTE တံဆိပ် နှာခေါင်းစည်း Maskတွေ၊ ဖွားချို အသင့်စား ချဉ်ပေါင်ရွက် ဟင်းရည်ခြောက်ထုတ်တွေ၊ ကြက်သွန်နီ တစ်ပိဿာ စတာတွေကို MRCCI အဖွဲ့ဝင်တွေက ထည့်သွင်းလှူဒါန်းပေးတာဖြစ်ပြီး ရောင်းချပေးမယ့် စားသောက်ကုန်အထုပ်အပိုးအတွင်း အချိုးကျ ထည့်သွင်းလှူဒါန်းပေးထားတယ်လို့ သိရပါတယ်။ ထိန်ထိန်လင်း၊ ဓာတ်ပုံ-ကိုမင်းဆွေ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024