DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Lead Story ကျန်းမာရေး သတင်း

ဂန့်ဂေါမြို့တွင် အမိန့်မလိုက်နာသည့်  Home Quarantine စောင့်ကြည့်ခံရသူ ၂ ဦးကို ထောင်ဒဏ် ၃ လစီချမှတ်

  • By အောင်ကိုလတ်
  • 10 April 2020
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

ဂန့်ဂေါမြို့မှာ အမိန့်မလိုက်နာတဲ့ Home Quarantine စောင့်ကြည့်ခံရသူ ၂ ဦးကို ထောင်ဒဏ် ၃ လစီချမှတ်လိုက်တယ်လို့ သိရပါတယ်။

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ စည်ပင်ရပ်ကွက်နဲ့ ကျောတိုက်ရပ်ကွက်မှာ မတ်လ ၂၆ ရက်နေ့က အမေရိကန်နိုင်ငံကနေ ပြန်လည်ရောက်ရှိလာသူ ဦးတင်ယမန်း၊ ဦးဆန်းဇော်ဦးတို့ကို နေအိမ်မှာ သီးသန့်စောင့်ကြည့်မှု Home Quarantine ၁၄ ရက်အဖြစ် ထားရှိခဲ့ပါတယ်။

စောင့်ကြည့်နေစဉ်ကာလအတွင်း သတ်မှတ်ထားတဲ့ ၁၄ ရက်မပြည့်မီ နေအိမ်ကနေ မတူပီမြို့ကို ကိုယ့်သဘောဆန္ဒနဲ့ကိုယ် ထွက်ခွာသွားတာကြောင့် သက်ဆိုင်ရာကနေ ဖမ်းဆီးခဲ့ပြီး မြို့မရဲစခန်းမှာ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ ပုဒ်မ ၁၈ နဲ့ သီးခြားစီ အမှုဖွင့်ခဲ့တာပါ။

အမှုနဲ့ပတ်သက်လို့ ဂန့်ဂေါမြို့နယ်တရားရုံးက ဧပြီလ ၆ ရက်နေ့မှာ တစ်ယောက်ကို ထောင်ဒဏ် ၃ လစီကျခံစေရန် အမိန့်ချမှတ်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ပတ်သက်ပြီး အခုလို အမှုဖွင့်အရေးယူတာက ဂန့်ဂေါမြို့နယ်မှာ ပထမဦးဆုံးအကြိမ်လည်းဖြစ်ပါတယ်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ အရေးပေါ် တုန့်ပြန်ဆောင်ရွက်ရေးအတွက်လည်း ဂန့်ဂေါခရိုင်အထွေထွေရောဂါကုဆေးရုံကြီး သံဃာဆောင်မှာ သီးသန့်ပြင်ဆင်တာတွေ ပြုလုပ်ထားကာ ကျေးရွာတိုင်းမှာလည်း ပြည်တွင်း၊ ပြည်ပက ပြန်လာသူတွေကို Facility Quarantine အဖြစ် ၁၄ ရက်စောင့်ကြည့်တာတွေ ပြုလုပ်နေပါတယ်။

ဂန့်ဂေါမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းက  “ဂန့်ဂေါမှာတော့ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး အခုထိ စိုးရိမ်၊ သံသယလူနာမတွေ့ရှိရသေးပါဘူး။ ရှိခဲ့ရင်လည်း အရေးပေါ်တုန့်ပြန်ရေးအတွက်လည်း တိုင်းအစိုးရကနေ လောလောဆယ် တစ်မြို့နယ်ကို ငွေကျပ် ၁၀ သိန်းစီထောက်ပံ့ပေးထားပါတယ်။ မနေ့ကမှ ထုတ်ခဲ့တာ။ အကုန်စီစဉ်ထားပါတယ်။ ဆေးဝါးတွေလည်း ထိုက်သင့်သလောက် လုံလောက်မှု ရှိပါတယ်။ သိပ်ပြီးထူးခြားမှုတော့ မရှိသေးပါဘူး။”လို့ ပြောပါတယ်။

လက်ရှိမှာတော့ တိုင်းအစိုးရကနေ တိုင်းအတွင်း ပြေးဆွဲနေတဲ့ ခရီးသည် မော်တော်ယာဉ်၊ ရေယာဉ်လိုင်းတွေ ခေတ္တရပ်နားထားကြဖို့ ထုတ်ပြန်ထားပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ စောင့်ကြည့်၊ သံသယလူနာ ၆၂ ဦးရှိပြီး ရောဂါပိုးမတွေ့ရသေးဘူးလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။

Tags: Home Quarantine စောင့်ကြည့်ခံရသူဂန့်ဂေါမြို့ထောင်ဒဏ်

  • Previous story VOM အယ်ဒီတာချုပ် ဦးနေမျိုးလင်း ပြန်လည်လွတ်မြောက်
  • Next story ကရင်ပြည်နယ်က စည်ပင်ဝန်ထမ်းများ ရောဂါကာကွယ်ရေးပစ္စည်း ‌မလုံလောက်ဟု ဝန်ကြီးပြော
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      ဦးဝီရသူနှင့်အကျဥ်းသားများ ရုံးထုတ်ခွင့်ရရှိရေး ဆန္ဒပြ၊ ၁ ဦး ဖမ်းဆီးခံရ (ဓာတ်ပုံ)

    • gallery

      ကိုဗစ်ကာကွယ်ရေးအတွက် အဝါရောင်ကမ်ပိန်း တညင်းကုန်းဈေးတွင် ပြုလုပ် (ဓာတ်ပုံ)

    • gallery

      ကန်တော်ကြီး မြေပဒေသာကျွန်းရှိ စိုက်ပျိုးရေးဆိုင် မီးလောင်

    • gallery

      မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် ဝဇီရာရုပ်ရှင်ရုံဟောင်းတွင် ပိုစတာများပြသ (ဓာတ်ပုံ) 

    • gallery

      ကျောက်တော်မြို့ရှိ ရထားဘူတာ စစ်ဘေးရှောင်စခန်း (ဓာတ်ပုံ)

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 ရန်ကုန်တိုင်း မြို့နယ်ပေါင်း ၂၀ ကျော် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မည်
    • 02 အင်ဒိုနီးရှားပျက်ကျလေယာဉ်၏ Black box  တည်ရှိရာနေရာ တွေ့ရှိ
    • 03 တူမ၏မဖွယ်မရာဓာတ်ပုံပြသခဲ့သည့် အမျိုးသား ၁ ဦးကို ဦးလေးဖြစ်သူက သတ်မှုဖြစ်ပွား
    • 04 ပဲခူးမြို့တွင် ၇ နှစ်အရွယ်ကျောင်းသူအား ဦးလေးတော်စပ်သူက အဓမ္မပြုကျင့်မှု ဖြစ်ပွား
    • 05 အမေရိကန်တွင်  သေဒဏ်ကျခံနေရသည့် အမျိုးသမီး ၁ ဦးကို ကွပ်မျက်
    • 01 အယ်လ်ဆိုင်းဇီ၏ မြူးကြွသည့် သီဆိုဟန်ဖြင့် “ချစ်သူအပါးကခွာမသွားချင်” သီချင်း (ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
    • 02 အိန္ဒိယတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု စတင်
    • 03 တရုတ်နိုင်ငံသားအားလုံးကို ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်
    • 04 ကိုဗစ်ဆေးဝယ်ယူရေး စာချုပ်ချုပ်ဆိုမှု ရပ်တန့်ရန် ချမ်းသာသည့်နိုင်ငံများကို WHO သတိပေး
    • 05 ဖမ်းဆီးထိန်းသိမ်းခံထားရသူများနှင့် တွေ့ခွင့်ပေးရန်  မိသားစုဝင်များ တောင်းဆို
    • 01 အိန္ဒိယတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု စတင်
    • 02 ယာဉ်တိုက်မှုဖြင့် ဒီးမေ့ာဆိုရဲစခန်းတွင် ချုပ်ထားသူ ၁ ဦး ကိုဗစ်ရောဂါပိုးတွေ့
    • 03 KNLA ပစ်ခတ်မှုကြောင့် ကလေးငယ်ဦးခေါင်း ကျည်ထိမှန်ဟု တပ်မတော် ထုတ်ပြန်
    • 04 ကိုဗစ်-၁၉ ကြောင့် ဟိုတယ်နှင့် တည်းခိုရိပ်သာ အလုံးပေါင်း ၁၂၀၀ ကျော် ယာယီပိတ်ထားရ
    • 05 မူးယစ်ဆေးပစ်ဖမ်းသလိုမျိုး မီဒီယာများ ရေးသားမှု စုံစမ်းနေဟု ရဲတပ်ဖွဲ့ထုတ်ပြန်
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.