DVB Logo
Home
မြန်မာသတင်း
WCDMA (3G) ဖုန်းဆင်းကတ် ကယားနှင့် ချင်းပြည်နယ်ကို ရောင်းချမည်
DVB
·
April 4, 2013
WCDMA (3G) ဖုန်းဆင်းကတ် ကယားနှင့် ချင်းပြည်နယ်ကို ရောင်းချမည်
Donate to DVB

ဧပြီ ၂၄ ရက်မှာ ငွေကျပ် ၁၅၀၀ နဲ့ ရောင်းချမယ့် တယ်လီဖုန်းဆင်းကတ် တမျိုးဖြစ်တဲ့ WCDMA (3G) ဖုန်းဆင်းကတ်တွေဟာ ကယားနဲ့ ချင်းပြည်နယ်ကို ရောင်းချဖို့ ဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဒုတိယအင်ဂျင်နီယာချုပ် ဦးစိုးအောင်က ပြောပါတယ်။

မြန်မာ့ဆက်သွယ်ရေးက ဧပြီ ၂၄ ရက်မှာ စတင်ရောင်းချမယ့် ဆင်းကတ်တွေဟာ CDMA-800 နဲ့ WCDMA (3G)  ဆင်းကတ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အသုံးပြုလို့ ရမယ့် ဟမ်းဆက်တွေနဲ့ ပတ်သက်ပြီး မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဖုန်းဌာနဒုတိယအင်ဂျင်နီယာချုပ် ဦးစိုးအောင်က “၈၀၀ သည် ၈၀၀ ဟမ်းဆက်မှပဲ ရမယ်။ WCDMA ဟမ်းဆက်ဆိုတာ မြင့်နေမှရမယ်။ 3G ဟမ်းဆက်ပဲ ထည့်လို့ရမယ်။ တချို့နေရာတွေမှာ ဂျီ (ဂျီအက်စ်အမ်) ပဲ ရတဲ့နေရာတွေရှိတယ်။ ဒဗလျူရပေမယ့် ဒဗလျူ ဟမ်းဆက်ထဲမှာ မထည့်ခဲ့ဘူးဆိုရင် မရဘူး။ WCDMA ဟမ်းဆက်တွေ မြင့်တယ်။ 3G ထည့်မှ နားလည်တယ်။ နက်ဝဆီလည်း သွားပြီးအလုပ်လုပ်တယ်။  3G ဟမ်းဆက်ဖြစ်မှ အဆင်ပြေမယ်” လို့ ပြောပါတယ်။

လိုင်းကျပ်တာမျိုး မဖြစ်အောင် ပြင်ဆင်ထားကြောင်းလည်း ပြောပါတယ်။

အခု ရောင်းမယ့်ဖုန်းဆင်းကတ် အရေအတွက်နည်းတာမို့ ထူးထူးကဲကဲ ရောင်းရလိမ့် မထင်ဘူးလို့ ရန်ကုန်မြို့ လူကြီးမင်းဖုန်းစင်တာက အထွေထွေမန်နေဂျာ ဒေါ်ဇာခြည်လင်းက ပြောပါတယ်။

“ကတ်အရေအတွက်ကလည်း နည်းတဲ့အတွက်ကြောင့် အရင် ၂ သိန်းလောက် သိပ်ပြီး ဟမ်းဆက်ဈေးကွက်ကို မလှုပ်ဘူးလို့ ထင်ပါတယ်။ အရင် ၂ သိန်းတုန်းကဆို ကုမ္ပဏီတွေကလည်း ရတယ်၊ ဆိုင်တွေကလည်း ရတယ်၊ ပြီးတော့ အများကြီးလည်း ထွက်တယ်ဆိုတော့ အခုချိန်မှာ limit လည်း သတ်မှတ်ထားတော့ အရေအတွက်က လိုချင်သလောက်မရတော့ ဈေးကွက်က အရင် သိန်းလောက်တော့ မလှုပ်လောက်ဘူး မြင်ပါတယ်။”

ဒီအရင် ၂ သိန်းတန်ဖုန်းက အရေအတွက် ၁ သန်း ရောင်းချခဲ့တာ ဖြစ်ပါတယ်။

၁၅၀၀ တန် ဆင်းကတ်တွေကို ပြည်နယ်နဲ့ တိုင်းအစိုးရတွေ အစီအစဉ်နဲ့ ရောင်းချတဲ့ နေရာမှာ ပွင့်လင်းမြင်သာမှုရှိရှိ ရောင်းချဖို့ လိုတယ်လို့ ပေါ်ပြူလာဂျာနယ် အယ်ဒီတာ ဦးမျိုးညွန့်က ပြောပါတယ်။

“ဖုန်းဈေးတခုဟာ နိုင်ငံတော် လျှို့ဝှက်ချက်မဟုတ်ဘူးလို့ ကျနော်တို့ ယုံကြည်တယ်။ အဲလိုအနေအထားမှာ ဖုန်းနဲ့ ပတ်သက်တဲ့ program ဘာတွေ ရှိမယ်ဆိုရင်လည်း ဒီ program တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို သေသေချာချာ ပွင့်ပွင့်လင်းလင်း ပြောသင့်တယ်လို့ မြင်တယ်။ ”

အခြေခံလူတန်းစားတွေကတော့ ၁၅၀၀ နဲ့ ဖုန်းကိုင်လို့ ရကြတော့မှာမို့ ၀မ်းသာနေကြတယ်လို့ ပြောပါတယ်။

ဖုန်းဆင်းကတ် ၃ သိန်းခွဲကို ပြည်နယ်နဲ့တိုင်း အားလုံးမှာ ခွဲဝေရောင်းချပေးမှာမို့ လူနေထူထပ်တဲ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စရောင်းတဲ့နေ့တွေ ၀ရုန်းသုန်းကား ဖြစ်နိုင်မလား၊

တဆင့် ပြန်ရောင်းတာတွေရော ဖြစ်နိုင်မလားလို့ မန္တလေးက စာရေးဆရာ သတင်းစာဆရာ ဦးကျော်ရင်မြင့်ကို မေးမြန်းရာမှာ ဖြစ်မယ်မထင်ဘူးလို့ ပြောပါတယ်။

“အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။ သူက လူတွေကို အကုန်လုံး ချရောင်းလိုက်မှာ မဟုတ်သေးဘူး။ ၀န်ထမ်းတွေက အချိုးဘယ်လောက်၊ ဘာအချိုးဘယ်လောက်ဆိုပြီး အချိုးတွေပဲ ရှိသေးတယ်။ နောက်တခုက ဖုန်းမရသေးဘူးဆိုတဲ့သူတွေကို ရောင်းမယ်ဆိုတာမျိုးလည်း ရှိသေးတယ်။ ဈေးအတော်သက်သာသွားတဲ့အတွက် သာမန်လက်လုပ်လက်စား အတော်များများ ၀ယ်ချင်ကောင်း ၀ယ်ချင်လိမ့်မယ်။ ဒီအပေါ်ကနေပြီး အမြတ်ထုတ် တဆင့်ခံ ရောင်းဖို့ကလည်း အလားအလာကြီးတော့ ၀ရုန်းသုန်းကား ဖြစ်လိမ့်မယ်လို့ မထင်ဘူး။ လိုချင်တဲ့သူများပြီး အထိုက်အလျောက် တိုးဝှေ့တာမျိုးတော့ ရှိရင်ရှိလိမ့်မယ်။”
ဧပြီ ၂၄ ရက်နေ့ ရောင်းမယ့် ဖုန်းဆင်းကတ်တခုဖြစ်တဲ့ CDMA-800 ဖုန်းဟာ နိုင်ငံခြားကိုပါ ခေါ်ဆိုနိုင်မှာ ဖြစ်ပြီး ၁၅၀၀ တန်ဖုန်း ရောင်းချမယ့်အစီအစဉ်တွေကို ဆက်လက် သတင်းထုတ်ပေးသွားမယ်လို့ အစိုးရသတင်းက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013