DVB Logo
Home
မြန်မာသတင်း
ကျောင်းသားသမဂ္ဂခေါင်းဆောင်ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် ရုံးထုတ်
DVB
·
April 4, 2013
ကျောင်းသားသမဂ္ဂခေါင်းဆောင်ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် ရုံးထုတ်
Donate to DVB

ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) အထွေထွေအတွင်းရေးမှူး ဦးရဲမင်းဦးကို ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှာ ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဒီနေ့ ရုံးထုတ်ပါတယ်။

ရုံးထုတ်လာစဉ်မှာ ဦးရဲမင်းဦးရဲ့ ဆွေမျိုးသားချင်းတွေအပါအ၀င် တရားရုံးထဲ ဘယ်သူ့ကိုမှ ၀င်ခွင့်မပေးပဲ ရဲတပ်ဖွဲ့က တရားရုံးကို ပိတ်ပစ်လိုက်တဲ့အတွက် ထင်သာမြင်သာ မရှိဘူးလို့ ညီဖြစ်သူ ဦးရဲမင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

တရားရုံးက ပြန်ထွက်လာချိန်မှာတော့ ဦးရဲမင်းဦးက သူကို ၉၆၉ လှုပ်ရှားမှု လုပ်တယ်၊ ရဟန်းသံဃာတွေ ဆူပူမှုလုပ်အောင် နောက်ကွယ်က ကြိုးကိုင်တယ် စသဖြင့် မတရားစွပ်စွဲထားကြောင်း၊ သူမှာ အပြစ်မရှိကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးရဲမင်းဦးကို ဧပြီ ၂၃ ရက်နေ့ ရုံးချိန်းပေးလိုက်တယ်လို့ သိရပါတယ်။

ဦးရဲမင်းဦးကို မတ် ၂၅ ရက်ညက ဗဟန်းမြို့နယ်ထဲက ဘုန်းကြီးကျောင်းကနေ အမည်မသိ အရပ်ဝတ် ၂ ဦးက ခေါ်ဆောင်ဖမ်းဆီးခဲ့တာဖြစ်ပြီး မိသားစုက ဦးရဲမင်းဦး ပျောက်ဆုံးကြောင်းကို မတ် ၂၆ ရက်နေ့က  ဗဟန်းမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013