နေပြည်တော်က Facility Quarantine ၁၄ ရက်ပြည့်သူ ၅၇ ဦး အိမ်ပြန်
နေဖြိုးဝင်း
·
April 8, 2020
နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ပြည်ပကနေ ပြန်လာပြီး Facility Quarantine နေရသူ ၁၀၀၀ ကျော်ရှိတဲ့အနက် ၅၇ ဦးဟာ ၁၄ ရက်ပြည့်သလို ကျန်းမာရေးလည်း ကောင်းမွန်တဲ့အတွက် ဧပြီလ ၈ ရက် မနက်ပိုင်းမှာ အိမ်ပြန်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။
အခုလို အိမ်ပြန်ခွင့်ရရှိတဲ့ ၅၇ ဦးဟာ ဒဏ္ခိဏသီရိမြို့နယ်က ၂၀ ဦး၊ ပုဗ ္ဗသီရိမြို့နယ်က ၂၇ ဦး၊ ဇေယျာသီရိမြို့နယ်က ၁၀ ဦးတို့ဖြစ်ပါတယ်။
ဒီလို နေရပ်ပြန်ခွင့်ရတဲ့ ၅၇ ဦးကို သက်ဆိုင်ရာတာဝန်ရှိသူတွေက နေအိမ်အရောက် ကားတွေနဲ့ပို့ဆောင်ပေးခဲ့ကြပါတယ်။
သူတို့ကို COVID-19 ရောဂါပိုးကင်းရှင်းကြောင်း ထောက်ခံချက်တွေ ပေးအပ်လိုက်ပေမယ့် မိမိနေအိမ်ပြန်ရောက်တဲ့အခါမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေကိုလည်း အသိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း နေအိမ်ပြန်သူတွေအနေနဲ့ နေအိမ်ပြန်ရောက်ပြီး ၁၄ ရက်ခန့်အတွင်း မိမိ နေအိမ်မှာပဲနေဖို့၊ အိမ်သားတွေနဲ့ ရောနှောမနေဘဲ ၆ ပေခန့်အကွာနေဖို့၊ လူစုလူဝေးရှိတဲ့နေရာတွေကို လုံးဝမသွားဖို့ အပါ အဝင် လိုက်နာရမယ့်အချက်တွေကို ထုတ်ပြန်ထားပါတယ်။