မြန်မာနိုင်ငံတွင် မီးလောင်မှုကြောင့် ၃ လ အတွင်း ကျပ်သန်း ၂၅၂၄ ကျော် ဆုံးရှုံး
သူဇာလင်း
·
April 7, 2020
မြန်မာတနိုင်ငံလုံးမှာ အခုနှစ် ဇန်နဝါရီလကနေ မတ်လကုန်အထိ မီးလောင်မှု အကြိမ်ပေါင်း ၈၅၇ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးက ကျပ်သန်းပေါင်း ၂၅၂၄ ကျော်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦးကပြောပါတယ်။
ဒါ့အပြင် အခုနှစ် ၃ လတာကာလအတွင်း လောင်တဲ့မီးက ၂၀၁၉ ခုနှစ်ရဲ့ ၃ လတာ ကာလအတွင်းလောင်တဲ့ မီးထက်လည်း အကြိမ်ရေများသလို ဆုံးရှုံးမှု ပမာဏကလည်း ကျန်းသန်းပေါင်း ၁၆၀၀ ပိုခဲ့တယ်လို့ဆိုပါတယ်။
မီးလောင်မှုတွေမှာတော့ ပေါ့ဆမှုကြောင့်လောင်တဲ့မီးက အများဆုံးဖြစ်လို့ မီးလောင်မှုအန္တရာယ်မဖြစ်အောင် ပြည်သူတွေအနေနဲ့ အထူးဂရုပြုပြီး မီးသုံးစွဲကြဖို့ မီးသတ်တပ်ဖွဲ့က အသိပေး နှိုးဆော်ထားပါတယ်။