မန္တလေးမြို့တွင်းသို့ ခရီးသည်တင်ယာဉ်များ ဝင်ရောက်ခွင့် စတင်ပိတ်ပင် (ဓာတ်ပုံ)
DVB
·
April 7, 2020
မန္တလေးမြို့တွင်းသို့ ခရီးသည်တင်ယာဉ်တွေ ဝင်ရောက်ခွင့်ကို ဧပြီ ၆ ရက်ညကစပြီး ၂၁ ရက်အထိ ၁၇ ရက်ကြာပိတ်ထားလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်မှုကို ကာကွယ်ထိန်းချုပ်တဲ့ အနေနဲ့ လုပ်ဆောင်လိုက်တာဖြစ်ပြီး ပိတ်ဆို့ထားမှုကြောင့် မန္တလေးမြို့ကို လာရောက်တဲ့ ခရီးသည်တင် ယာဉ်လိုင်းတွေ အားလုံးလည်း ပိတ်သိမ်းထားရမှာဖြစ်ပါတယ်။
မန္တလေးမှာ ဆေးဝါးနဲ့ စားသောက်ကုန်ဆိုင်တွေကလွဲလို့ တခြားဆိုင်တွေအားလုံးပိတ်ထားဖို့နဲ့ ခရီးသည်တင် ကားတွေလည်း ဧပြီ ၆ ရက်ကစပြီး တိုင်းထဲကို မဝင်မထွက်ရတော့ဘူးလို့ ဝန်ကြီးချုပ်က အမိန့်ထုတ်ထားပါတယ်။ ကုန်စည်စီးဆင်းမှု မပြတ်စေဖို့ ကုန်တင်ယာဉ်တွေကတော့ ဆက်လက် ဝင်ထွက်ခွင့်ပြုထားပါတယ်။
Photo-Kaung Zaw Hein/ MPA