Home
မြန်မာသတင်း
ရှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းတွင် တောမီးလောင်ရာက ဘုန်းကြီးကျောင်းမီးလောင်
နန်းမြနဒီ
·
April 6, 2020
91995885_3178974485468299_7606608181837430784_n
92187748_3178974438801637_5998502100420526080_n
92135044_3178974538801627_8984046387423346688_n
14
13
91767179_3178974598801621_6976970365700407296_n
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ထဲမှာ မနေ့က တောမီးလောင်ရာက ရှေးဟောင်းစွမ်ယောင်းတောရကျောင်းတိုက်ရှိ အဆောက်အအုံတချို့ပါ မီးကူးစက် လောင်ကျွမ်းခဲ့ပါတယ်။ မိုင်းယောင်းမြို့ အရှေ့တောင်ဘက် မုံးလိုက်ကျေးရွာအုပ်စုထဲမှာ  မနေ့မနက် ၄ နာရီလောက်က တောမီးလောင်တာ စတင်တွေ့ရှိပြီး ရွာသားတွေက ဝိုင်းငြှိမ်းသတ်လို့ မီးငြိမ်းသွားခဲ့ပါတယ်။ ညနေပိုင်းမှာတော့ နောက်တချီ တောမီးပြန်လောင်လာခဲ့ရာ ထတ်လုံစွမ်ယောင်း ဘုရားစေတီတော်အနီးကို ရောက်ရှိလာပြီး ကျောင်းတိုက်ရဲ့ ဆွမ်းစားဆောင်နဲ့ မီးဖိုချောင်ကိုပါ ကူးစက်လောင်ကျွမ်းခဲ့တာလို့ စွမ်ယောင်းဘုရားဂေါပကအဖွဲ့ဝင် ဦးစိုင်းအောင်ခမ်းက ဒီဗွီဘီကို ပြောပါတယ်။  “မနက်ပိုင်းတခါလောင်လို့ ငြိမ်းသွားပြီးပြီ။ ညနေပိုင်းကျတော့ ထပ်လောင်တယ်။ ရွာသားတွေ ဝိုင်းငြှိမ်းရင်း လေတွေတိုက်လာပြီး မီးဖိုချောင်နဲ့ ဆွမ်းစားဆောင်တွေကို လောင်သွားတယ်။ ရေပိုက်လည်းပျက်စီးသွားတယ်လေ။  ရေလည်းမရှိဘူး။ မီးသတ်ဌာနကို အကြောင်းကြားတော့ မိုင်းယောင်းက မီးသတ်ကား ၂ စီးလာတယ်။ ပုဂ္ဂလိက ရေသည်ကား လေးငါးစီးလည်း ဝိုင်းပြီးသတ်မှ ငြိမ်းသွားတယ်။ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ ဆုံးရှုံးမှုတန်ဖိုးတော့ တွက်နေတုန်းပါဘဲ။  ” တောမီးလောင်ရတဲ့အကြောင်းရင်းကို မသိရပေမယ့် အဲဒီဘက်မှာ တောင်ယာမီးရှို့ တာတွေ လည်းရှိတယ်လို့လည်း ပြောပါတယ်။ ဒေသထဲမှာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ဖို့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေက  သတိပေးနှိုးဆော် ပညာပေးတာတွေ လုပ်နေတယ်လို့ သိရတယ်။  ထတ်လုံစွမ်ယောင်းဘုရားဟာ ရှေးအရင်ကတည်းကတည်ရှိခဲ့ပြီး မိုင်းယောင်းမြို့နဲ့ ၇ မိုင်ခန့်ကွာဝေးကာ တာချီလိတ်ခရိုင်နဲ့ အခြားပြည်တွင်းပြည်ပကဘုရားဖူးတွေ လာရောက်ဖူး မြော်လည်ပတ်လေ့ရှိပါတယ် ။ မိုင်းဆတ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့ကလည်း မိုင်းတွမ်းကျေးရွာအုပ်စုမှာ တောမီးလောင်ရာကနေ ရွာ ၂ ရွာကို ကူးစက်သွားပြီး နေအိမ် ၃၆ လုံးကို မီးလောင်သွားလို့ လူပေါင်း ၁၀၀ ကျော်  အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ဓာတ်ပုံ-Rangsiwutchaisin / မိုင်းဆတ်ထွေအုပ်ရုံး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024