Home
မြန်မာသတင်း
YBS ၁၆ ဘတ်စ်ကား ၁ စီး တံတားပေါ်က ထိုးကျပြီး  ၂၂ ဦး ဒဏ်ရာရ
DVB
·
April 6, 2020
ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ YBS ၁၆ ယာဉ်လိုင်းက  ဘတ်စ်ကားတစီးဟာ ဧပြီ ၅ ရက် ညနေ ၅ နာရီလောက်မှာ မြောက်ဥက္ကလာလမ်းဝ မီးရထားခုံးကျော်တံတားပေါ်ကနေ အောက်ကို အရှိန်လွန် ထိုးကျသွားတာကြောင့် လူ ၂၂  ဦးဒဏ်ရာရရှိပြီး တဦးစိုးရိမ်ရတယ်လို့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။  ခုံးကျော်တံတားပေါ်ကနေ ထိုးကျသွားတဲ့ YBS ၁၆ ကားဟာ တံတားအောက်က လူနေအိမ်တွေပေါ်ကျတာဖြစ်ပေမယ့် အိမ်ထဲမှာလူမရှိတာကြောင့် ဒဏ်ရာရသူ နည်းခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။  မျက်မြင်တွေသူတွေကတော့ ယာဉ်မောင်းဟာ ခေါင်းထိခိုက်သွားပေမယ့် ဒဏ်ရာအကြီး အကျယ်မရတာကြောင့် ထွက်ပြေးသွားတယ်လို့ဆိုပါတယ်။  နေအိမ် ၅ လုံးလောက် ကားအောက်မှာရောက်နေပေမယ့် အိမ်တွေမှာ နေထိုင်သူတွေဟာ အလုပ်သွားနေ ကြတာကြောင့် ဒဏ်ရာရသူနှစ်ဦးပဲရှိတယ်လို့ ရပ်ကွက်နေသူတွေက ဆိုပါတယ်။  YBS ၁၆ ကားဟာ မြောက်ဥက္ကလာဘက်ကနေ လမ်းဝမှတ်တိုင် ကမ္ဘာအေးဘုရားလမ်းကို မောင်းနှင်လာတာဖြစ်ပြီးတော့ အရှိန်လွန်ကာ တံတားပေါ်ကနေ ထိုးကျသွားတာပါ။ ယာဉ်မောင်းဟာ အရက်သေစာသောက်စားပြီး မောင်းနှင်လာတယ်လို့လည်း မျက်မြင်တချို့က ပြောပါတယ်။ YBS ဘတ်စ်ကားတွေထဲမှာ YBS ၁၆ ယာဉ်လိုင်းက ကားနံပါတ် 7I-8471 ဟာ ခုံးကျော်တံတားကနေအောက်ကို ထိုးကျတဲ့ကားအဖြစ် ပထမဆုံးမှတ်တမ်းဝင်သွားပါတယ်။  လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်လောက်က ဆောက်ခဲ့တဲ့ မြောက်ဥက္ကလာရထားလမ်းခုံး ကျော်တံတားဟာ အခုဆို တံတားလက်ရန်းတွေရဲ့ ကြံခိုင်မှုအားနည်းချက်တွေ ရှိနေတာကြောင့် ကားတစ်စီးလုံးထိုးကျသွားတာလို့ လမ်းတံတားကျွမ်းကျင်သူတွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024