Home
သတင်းဓာတ်ပုံ
လွိုင်ကော်အမှိုက်ပုံ မီးလောင် (ဓာတ်ပုံ)
နော်နိုရင်း
·
April 2, 2020
Hakha,_Myanmar
91885588_10219553383078564_4247520190985666560_o
91792907_10219553386678654_3203945255200096256_o
91757016_10219553389318720_5955370067444105216_o
91695985_10219553386238643_7543082583282679808_o
91565921_10219553387718680_4925675177469018112_o
91239580_10219553390558751_6428099594248257536_o
91182270_10219553390038738_3580486880581386240_o
ကယားပြည်နယ်၊ လွိုင်ကော်တမြို့လုံးက စွန့်ပစ်အမှိုက်တွေကို သွားရောက်စွန့်ပစ်တဲ့ အမှိုက်ပုံ ဒီကနေ့ မီးလောင်မှုကြောင့် စည်ပင်သာယာရေးအဖွဲ့တွေက သွားရောက် မီးငြိမ်းသတ်ကြပါတယ်။  ရေကားတွေအပြင်၊ မြေကော်စက်နဲ့တွေနဲ့ စည်ပင်ဝန်ထမ်းတွေ ၁၀ ကျော်နဲ့ ငြှိမ်းသတ်ခဲ့ရ ပါတယ်။ အဆိုပါအမှိုက်ပုံဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစပြီး တလ နှစ်ကြိမ် သုံးကြိမ်ခန့် မီးလောင်လေ့ရှိပြီး မီးလောင်မှုများလာရင် ဒီလိုပဲ လာငြှိမ်းသတ်ရတယ်လို့ လွိုင်ကော်မြို့နယ် စည်ပင်ဌာနရဲ့မော်တော်ယဉ်မှူး စဒိုင်းနရယ်က ပြောပါတယ်။  “ဒီဟာကတော့ အပူကြောင့် အောက်အပူငွေ့တငွေ့ပြီးတငွေ့ကနေပြီးတော့လောင်တာ။ ဒီကောင်က အခု ကျနော်တို့အခုငြိမ်းတယ်။ ဒါတောင် ဘက်ဖိုးတွေနဲ့ ကော်ပြီငြှိမ်းတယ်။  ဒါပေမယ့်အောက်မှာ အပူငွေ့တွေ ကျန်တယ်။” ဒီလိုမီးသတ်ရာမှာ စည်ပင်ကားတွေကိုသာ အသုံးပြုရတဲ့အတွက် အခက်အခဲပြီး တခြား ဌာနဆိုင်ရာတွေလည်း ပူးပေါင်းပါဝင်သင့်တယ်လို့ပြောပါတယ်။  အဲဒီအမှိုက်ပုံမှာ လွိုင်ကော်တမြို့လုံးက တနေ့အမှိုက်တန်ချိန် ၁၅ တန်လောက် နေ့စဉ် စွန့်ပစ်ကြတယ်လို့လည်း စဒိုင်းနရယ်က ပြောပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024