Home
မြန်မာသတင်း
နန္ဒဝန်အိမ်ရာတွင် Facility Quarantine ထားရှိသူများကို သီချင်းသီဆိုဖျော်ဖြေအားပေး
Aung Ko Latt
·
April 2, 2020
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နန္ဒဝန်အိမ်ရာတွင် Facility Quarantine အဖြစ်ထားရှိတဲ့သူတွေကို စိတ်ပျော်ရွှင်စေဖို့၊ စိတ်ဓာတ်မကျစေဖို့ စိတ်ခွန်အားပေးတဲ့အနေနဲ့ Save Monywa အဖွဲ့က လူငယ်တွေနဲ့ ပူးပေါင်းကာ တေးသီချင်းတွေနဲ့ သွားရောက်ဖျော်ဖြေ အားပေးစကားတွေ ပြောကြားခဲ့ကြပါတယ်။  နန္ဒဝန်အိမ်ရာမှာ   ပြည်ပနိုင်ငံတွေကနေ ပြန်လာသူ စုစုပေါင်း ၁၀၀၀ ဝန်းကျင်ရှိပြီး လက်ရှိမှာတော့ ၅၀ ခန့်သာ ရှိတော့တာဖြစ်ပါတယ်။ ကျန်တဲ့ သူတွေကိုတော့ မြို့နယ်အလိုက် လွှဲပြောင်းခဲ့ပြီး နေရပ်ရောက်မှပဲ ၁၄ ရက် သီးသန့်စောင့်ကြည့်တာတွေ ပြုလုပ်ထားစေတယ်လို့ သိရပါတယ်။  မုံရွာမြို့မှာတော့ COVID- 19 ကြောင့် အရောင်းအဝယ်တွေလည်း ထက်ဝက်ကျော် ကျဆင်းသွားသလို ကုန်စည်စီးဆင်းမှုတွေလည်း ကျဆင်းနေပါတယ်။ ဒါ့အပြင် ဧပြီ ၁ ရက်ကစပြီး ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ လူစီးအမြန်ရေယာဉ်တွေကိုလည်း ရပ်နားထားပါတယ်။  ရေကြောင်းသွားလာရေး မပြတ်တောက်စေဖို့တော့ စေတနာအရ အကူညီပေးတဲ့အနေနဲ့  ရေယာဉ်တချို့ကတော့ တစ်ရက် တစ်စီးနှုန်းနဲ့ ပြေး‌ဆွဲ‌ပေးနေပါတယ်။ ကားလိုင်းတွေကတော့ ဆက်လက်ပြေးဆွဲနေဆဲပါ။ ကိုရိုနာဗိုင်းရပ်စ် မကူးစက်စေရေးအတွက် လူသွားလူလာများတဲ့နေရာအချို့ကိုလည်း ပိတ်ထားပြီး မြို့အဝင် အထွက်တွေမှာလည်း စစ်ဆေးနေသလို လူထူထပ်တဲ့နေရာတွေမှာလည်း ပိုးသတ်ဆေးဖျန်းနေပါတယ်။  ဒါ့အပြင် Save Monywa၊ မီနီအိုးဝေ စတဲ့ အဖွဲ့ကလည်း လူငယ်တွေစုပေါင်းကာ ဝန်ဆောင်မှု အခမဲ့နဲ့ အိမ်တိုင်ရာရောက် ဈေးဝယ်ပေးတာတွေကိုလည်း ပြုလုပ်ပေးနေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024