Home
မြန်မာသတင်း
အညာဒေသက တမာရွက်ပြုတ်များ ရန်ကုန်စျေးကွက်တွင် အဝယ်များနေ
DVB
·
April 1, 2020
91704643_2290112094623572_6026596791468687360_o
COVID-19 ရောဂါ ကာကွယ်နိုင်တယ်လို့ ကောလဟလသတင်းတွေ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံပြီးနောက် မကွေးမြို့က တမာရွက်ပြုတ်တွေ ရန်ကုန်စျေးကွက်သို့ ပိုမိုတင်ပို့ရောင်းချနေတယ်လို့ သိရပါတယ်။ မကွေးမြို့မှ တမာရွက်တင်ပို့နေသူတစ်ဦးဖြစ်တဲ့ ကိုအေးရွှေက "COVID-19 ရောဂါ ပျောက်တယ်ဆိုပြီး ရန်ကုန်က မှာယူနေတဲ့ အတွက် တစ်ရက်ကို တမာရွက်ပြုတ် ပိဿာချိန် ၅၀ လောက် တင်ပို့ရောင်းချနေတာပါ။ စျေးကွက် အခိုင်အမာရှိပြီး တစ်ပိဿာကို ကျပ် ၂၀၀၀ နှုန်းလောက်ရောင်းရပါတယ်။  အရင်ကဆိုရင် တမာရွက် တစ်စည်းကို ကျပ် ၂၀ လောက်သာ ပေါက်စျေးရှိပါတယ်။ တမာရွတ်ပြုတ်ရည်ကို သောက်ပြီး အရွက်တွေကို အတို့အမြှုပ် လုပ်စားမယ် ဆိုပြီး ရန်ကုန်ဘက်က မှာယူနေကြတာပါ” လို့ ပြောပါတယ်။ မကွေးတိုင်း အစားအသောက်နဲ့ ဆေးဝါးများ ကွဲကဲမှု ဦးစီးဌာန(FDA) တိုင်းတာဝန်ခံ ဒေါက်တာ ပြည့်ထူးကတော့ "တမာရွက်နဲ့ပတ်သက်ပြီး သုတေသန ပြုလုပ်ထားတာ မရှိသေးတဲ့ အတွက် ရောဂါကာကွယ် နိုင်တယ်လို့ တိတိကျကျပြောလို့မရသေးဘူး။ ဘယ်ဟင်းသီး ဟင်းရွက်မဆို ခွန်အားရှိပြီး ရောဂါပိုးတွေကို တွန်းလှန်နိုင်တဲ့ အတွက် စားသုံးသင့်ပါတယ်။ ကောလာဟလ သတင်းတွေအရ တမာရွက်ပြုတ်ဟာ ရောဂါကာကွယ်တယ်ဆိုပြီး ပြည်သူတွေအနေနဲ့ ပေါ့ပေါ့ဆဆနေမယ်ဆိုရင် ရောဂါပိုပြီး ပြန့်ပွားသွားနိုင်လို့ အရဲမကိုးသင့်ပါဘူး"လို့  ပြောပါတယ်။ တမာပင်တွေဟာ အပူပိုင်းဒေသဖြစ်တဲ့ မြန်မာနိုင်ငံ အလည်ပိုင်း အညာဒေသမှာ အများဆုံးပေါက်တာဖြစ်ပါတယ်။  သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024