DVB Logo
Home
မြန်မာသတင်း
UWSA ထိန်းချုပ်နယ်မြေတွင် လုံးချင်းတဲများဆောက်လုပ်ပြီး Quarantine ထားရှိ
DVB
·
April 1, 2020
UWSA ထိန်းချုပ်နယ်မြေတွင် လုံးချင်းတဲများဆောက်လုပ်ပြီး Quarantine ထားရှိ
1 / 5
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ UWSA ‘ဝ’ တပ်ဖွဲ့ စစ်ဒေသ ၁၇၁ ထိန်းချုပ်နယ်မြေမှာ  Quarantine site village အဖြစ် တစ်နေရာမှာ အနည်းဆုံး တဲအလုံး ၂၀ စီသတ်မှတ်ဆောက်လုပ်ထားကာ ပြင်ပကဝင်လာသူတွေကို   ၁၄ ရက်ထား စောင့်ကြည့် စစ်ဆေး ဆောင်ရွက်နေပါတယ်။

UWSA တပ်ဖွဲ့ဝင်တွေက အစိုးရကျန်းမာရေး ဦးစီးဌာနနဲ့ လက်တွဲပြီး COVID-19 ရောဂါ ကူးစက်မှုကပ်ဘေး မကျရောက်စေဖို့ တာချီလိတ်၊ မိုင်းလား၊ ပန်ဆန်းနဲ့ ထိုင်းနိုင်ငံတို့ကနေ ဝင်ရောက်လာသူတွေကို  မတ်လ ၁ ရက်နေ့ကတည်းက စတင်ကာ အသွားအလာကန့်သတ် စောင့်ကြည့် Quarantine လုပ်ထားတာလို့ UWSA စစ်ဒေသ ၁၇၁ မိုင်းဆတ်မြို့နယ် ဆက်ဆံရေးရုံးတာဝန်ခံ ဦးဆမ်ပိန်းက ပြောပါတယ်။ 

“မိုင်းဆတ်မြို့နယ်ထဲက မိုင်းကမ်း၊ ဝမ်ဟုန်း၊ မိုင်းယွန်းနဲ့ မိုင်းတုံမြို့နယ်ထဲမှာ ဟွေအော၊ မုံးကျွတ်၊ ခိုင်းလုံရွာတွေပြင်ပမှာ နေရာအမျိုးမျိုးက ဝင်ရောက်လာသူတွေကို ၁၄ ရက်တာ စောင့်ကြည့်ပြီးမှ ရွာထဲဝင်ခွင့်ပြုထားပါတယ်။  ရွာတွေကို Lock Down လုပ်ထားတယ်''လို့ ပြောပါတယ်။

ကျေးရွာအလိုက်အုပ်ချုပ်ရေးအဖွဲ့တွေကလည်း ပြင်ပကဝင်ရောက်လာသူတွေကို စောင့်ကြည့် စိစစ်ပြီး ကျန်းမာရေးတာဝန်ခံတွေဆီ We Chat နဲ့သတင်းပို့တဲ့ စနစ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ 

ဟွေအောဆက်ဆံရေး ရုံးဦးစီးမှူး ဦးလောမိန်းက " တင်းတင်းကျပ်ကျပ် လုပ်နေတယ်။ နည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်တွေ ရှိနေတာကြောင့် အစိုးရကျန်းမာရေးဌာနနဲ့ နေ့စဉ်ဆွေးနွေး တိုင်ပင်ပြီး ကျန်းမာရေးမှူးတွေရဲ့ အကြံပြုညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်နေတယ်''လို့ ပြောပါတယ်။

အဆိုပါ ၁၄ ရက် စောင့်ကြည့်စခန်းတွေမှာ ထားရှိသူ  စုစုပေါင်း ၈၄ ယောက်ရှိပြီး ဧပြီ ၁ရက်မှာတော့ ၅၁ ယောက် ကျန်ရှိနေဆဲဖြစ်ကာ  လတ်တလော အသွားအလာတွေ ရပ်တန့်နေ ပြီဖြစ်ပါတယ်။

ပုံပါကျင်ဒေသအခြေစိုက် ကျန်းမာရေးမှူး (HA) ဦးမြင့်စိုးထွန်း ကတော့  " ကျေးလက် ကျန်းမာရေးဝန်ထမ်းတွေနဲ့ မပြတ်ထိတွေ့ပြီး ထူးခြားဖြစ်စဉ်နဲ့ သတင်းအတည်ပြုချက်တွေ လုပ်နေပါတယ်။ လိုအပ်သလို သွားရောက်စစ်ဆေးကြည့်ရှု နေပါတယ်။ သူတို့နဲ့ အလုပ်လုပ်ရတာ အဆင်​ပြေပါတယ်။ အားသာချက်က စည်းလုံးပြီး အမိန့်နာခံမှုအားကောင်းတယ်။ လက်တွေ့လုပ်ပြီးအကောင်အထည်ဖော်တယ်။ ခေါင်းဆောင်မှုကောင်းတာကြောင့် ခုချိန်ထိတော့ သံသယလူနာမတွေ့ရှိရသေးပါဘူး” လို့ ပြောပါတယ်။

UWSA တောင်ပိုင်း စစ်ဒေသ ၁၇၁ အနေနဲ့ နေရာစုံကနေဝင်ရောက်လာသူတွေထံက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှာကို စိုးရိမ်ပြီး ခုလိုစီမံဆောင်ရွက်နေတာဖြစ်ပြီး နှာခေါင်းစည်း mask တွေနဲ့ ရောဂါကာကွယ်ရေးဝတ်စုံ PPE  တွေ ပြည့်စုံလုံလောက်မှုနည်း​လွန်းနေတာကြောင့် အစိုးရရဲ့ အကူအညီကို မျှော်လင့်နေပါတယ်။

သတင်း- အောင်ဇေယျ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013