မုံရွာမြို့နယ်တွင် မီးခိုးများ ဖုံးလွှမ်းနေပြီး လေထုညစ်ညမ်းနေ
Aung Ko Latt
·
April 1, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ဒီကနေ့ ဧပြီ ၁ ရက်က မီးခိုးတွေ ဖုံးလွှမ်းနေပြီး လေထုညစ်ညမ်းမှုဖြစ်ပေါ်နေပါတယ်။
တောမီးလောင်ကျွမ်းလို့ မီးခိုးတွေပျံ့နှံ့နေတာဖြစ်ပြီး တချို့နေရာတွေမှာ ပြာမှုန်တွေပါ လွင့်ပါလာတာတွေလည်း ရှိနေပါတယ်။ လေထုထဲမှာ ကာဗွန်မိုနောက်ဆိုဒ်ပါဝင်မှုများနေပြီး လေထုညစ်ညမ်းမှု ဆိုးရွားနိုင်တဲ့အတွက် နှာခေါင်းစည်း Mask တွေတပ်ကြဖို့လည်း မိုးလေဝသပညာရှင်တချို့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
လေထုညစ်ညမ်းမှုက မုံရွာအနီးတဝိုက်တင်မက ချင်းတွင်းမြစ်အတွင်းနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းက မြို့နယ်တွေမှာလည်း ဖြစ်ပေါ်နေပါတယ်။
တချို့မြို့နယ်တွေမှာ ကောင်းကင်က လွင့်ပျံလာတဲ့ ပြာမှုန်တွေကို ကောက်ယူပြီး ရေနဲ့ဖျော်ကာ သောက်သုံးတာတွေလည်း ရှိနေပါတယ်။ ဒီပြာမှုန်တွေကို ရဟန်း ပုဂ္ဂိုလ်ထူးတစ်ပါးက ကိုရိုနာရောဂါ ကာကွယ်ရေးအတွက် ဆေးအဖြစ် ကြဲဖြန့်တာလို့ ယုံကြည်ပြီး လိုက်လံ ရှာဖွေနေတာတွေလည်း ရှိနေပါတယ်။