ရွှေလင်ဗန်းစက်မှုဇုန်အတွင်းမှ နွမ်းပါးမိသားစု ၂၀၀၀ ကို အခြေခံစားကုန်များ လှူဒါန်း
DVB
·
March 30, 2020
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်အတွင်းက နွမ်းပါးမိသားစု ၂၀၀၀ကို ဆန်၊ ဆား၊ ဆပ်ပြာ၊ ကြက်ဥ စတဲ့အခြေခံစားသောက်ကုန်တွေကို စက်မူဇုန်လုပ်ငန်းရှင်တွေက စုပေါင်းလှူဒန်းခဲ့ပါတယ်။
"အခုလှူတာက ကြိုပြီးစာရင်းကောက်ထားပြီး ကတ်ပြားတွေပေးထားတဲ့ ရွှေလင်ဗန်း စက်မှုဇုန်ထဲက နွမ်းပါးကျူးကျော်အိမ်ခြေ ၂၀၀၀ ကို ဝေပေးတာပါ။ ပေးဝေမှုက တစ်အိမ်ထောင်ကို ဆန် ၂ ပြည်၊ ကြက်ဥ ၅ လုံး၊ ကာပေါ်လစ်ဆပ်ပြာခဲတစ်ခဲ၊ ဆီကတော့ နောက်တပတ်မှ ရောက်မှာမို့ အဲ့ကြမှထပ်ဝေမယ်"လို့ ရွှေလင်ဗန်းစက်မှုဇုန် ကော်မတီက ဦးငွေအောင်က ပြောပါတယ်။
မတ်လ ၃၀ ရက်နေ့ ပေးလှူမှုအပြင် မတ်လ ၃၁ ရက်နေ့မှာလည်း အခြေခံ စားသောက်ကုန်တွေကို ဆန်တစ်ပြည်ထောင်၊ ဆီတစ်ဗူးတစ်ထောင် စတဲ့ စျေးနှုန်းတွေနဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။